Friday, September 05, 2014

ထိုင်းအစိုးရအဖွဲ့အသစ် ဘုရင့်ရှေ့ ပထမဆုံး အခစားဝင်



စစ်ခေါင်းဆောင်တွေ အများစုနဲ့ ဖွဲ့ထားတဲ့ ထိုင်းအစိုးရအဖွဲ့သစ်ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ဘုရင်ရှေ့တော်မှာ ပထမဆုံး အခစားဝင်တယ်။ ဒါဟာ အစိုးရသစ်အနေနဲ့ နောက်ထပ် အနည်းဆုံး တနှစ်အတွင်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တာဝန်တွေကို တရားဝင် စတင်ထမ်းဆောင်နေတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ပရာယု ခေါင်းဆောင်တဲ့ အစိုးရ၀န်ကြီးအဖွဲ့ဟာ ဘန်ကောက်မြို့ ဆီရီရတ် ဆေးရုံမှာ ဆေးစစ်မှုခံယူနေတဲ့ သက်တော် ၈၆ နှစ်အရွယ် ဘုရင်ကြီး ဘူမိဘော ရှေ့ကို အခစားဝင်ခဲ့တယ်လို့ နန်းတော်က ပြောပါတယ်။

အသက် ၆၀ အရွယ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပရာယု ချန်အိုချာဟာ မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီး လက်ရှိ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။

၂၀၁၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားပြီး ဒီမတိုင်ခင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တနှစ် အချိန် ယူမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ အာဏာအလွှဲအပြောင်းကိစ္စဟာ မှန်းထားတာထက် ပိုကြာနိုင် တယ်လို့ တွက်ဆကြပါတယ်။

ထိုင်းနိုင်ငံမှာ လအတန်ကြာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီးနောက် အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ပရာယုက ယာယီ ဖွဲ့စည်းပုံ တခုကို ရေးဆွဲခဲ့ပြီ စစ်တပ်က အကြွင်းမဲ့ အာဏာယူ ထားပါတယ်။

ဗိုလ်ချုပ်ပရာယု စိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားဖြတ်လွှတ်တော်က သူ့ကိုပဲ ၀န်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်ပေး ထားတာဖြစ်ပါတယ်။ အရပ်သား အနည်း အကျဉ်းပဲပါတဲ့ လက်ရှိ စစ်အစိုးရဟာ ပထမနှစ်ဝက်မှာ ကျုံ့သွားတဲ့ တိုင်းပြည် စီးပွားရေးကိုလည်း ပြန်လည် နလံထအောင် ရုန်းကန်ရဖို့ ရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List