Friday, September 05, 2014

ကရင်ပြည်နယ်လွှတ်တော်တွင် ဥပဒေ ၂ ခု အတည်ပြု



၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ် လွှတ်တော်အတွင်း ပြည်နယ်ရေချို ငါးလုပ်ငန်း ဥပဒေနဲ့ ကုန်တင်ကုန်ချ နည်းဥပေဒေ ၂ ခုကို အတည်ပြုနိုင်ခဲ့တယ်လို့ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။ကရင်ပြည် နယ်အတွင်း ရေချိုငါးလုပ်ငန်းနဲ့ပတ်သက်ပြီး ငါးဖမ်းခွင့်လိုင်စင်၊ အပြစ်ပေးအရေးယူမှု အစရှိတဲ့ ပုဒ်မ ၄၀ ကျော် ပါဝင်တဲ့ ရေချို ငါးလုပ်ငန်းဥပေဒကို အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။
ပထမအကြိမ် ကရင်ပြည်နယ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ အထိ သုံးရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာလည်း ကရင်ပြည်နယ်အတွင်း တယ်လီဖုန်းတာဝါတိုင် စိုက်ထူမှု ကိစ္စတွေကိုလည်း မေးမြန်းခဲ့ပါတယ်။

ကရင်ပြည်နယ်အနေနဲ့ မြန်မာ့ဆက်သွယ်ရေးက တယ်လီဖုန်းတာဝါတိုင် ၂၀ ကို စိုက်ထူး ရာမှာ လိပ်သိုလ်မြို့နယ်ခွဲက တာဝါတိုင် မပြီးပြတ်သေးတဲ့အပေါ် မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

လိပ်သိုလ်မြို့နယ်ခွဲမှာ တာဝါတိုင်မပြီးပြတ်သေးတာဟာ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဟန့်တားမှုကို ခံခဲ့ရပြီး လက်ရှိ အခြေအနေမှာ ပြန်လည် ညှိနှိုင်းလို့ရပြီဖြစ်တဲ့ လာမယ့် ပွင့်လင်းရာသီမှာ အပြီးတည်ဆောက်သွားမယ်လို့လည်း ဦးစောခင်မောင်မြင့်က ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List