Thursday, September 04, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုအပြီးတွင် ရန်ကုန်မြစ်အတွင်း၌ မြစ်ကြောင်း ပြောင်းလဲမှုများဖြစ်လာနိုင်ချေမရှိဘဲ ဝဲဂယက်တစ်ခုသာ ဖြစ်ပေါ်လာနိုင်ဟုဆို


ဓမ္မစေ တီခေါင်းလောင်းတော်ကြီး ဆယ်ယူမှုအပြီးတွင် ရန်ကုန်မြစ်အတွင်း၌မြစ် ကြောင်းပြောင်းလဲမှု များ ဖြစ်လာနိုင် ခြင်းမရှိဘဲ ကြီးကြီးမားမားအနေဖြင့် ဝဲဂယက် တစ်ခုသာ ဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာနိုင်ငံရေအရင်းအမြစ် နှင့် မြစ်ချောင်းအင်းအိုင်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဌာနမှူး ဦးသောင်းလွင် က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

''မြေအောက်ကိုတူးတဲ့ အတိမ်အနက်ပေါ်မှာမူတည်ပြီးတော့ နက်နက်တူးရင်တော့ ဝဲဂယက်တွေတော့ ဖြစ်လာနိုင်တယ်။ အခုပြောနေကြသလိုတော့ ရန်ကုန်မြစ်အတွင်း မြစ် ကြောင်းပြောင်းလဲမှုတွေတော့ မဖြစ်လာနိုင်ဘူး။ ဘာလို့လဲဆိုတော့ မြစ် ချောင်းသုံးစင်း ဆုံတဲ့နေရာ မြစ်ဆိုင် ဖြစ်တဲ့အတွက် တိုက်စား ပို့ချတာတွေ နဲ့ နည်းနည်းပြန်ပြည့်သွားနိုင်တယ်''ဟု ၄င်းက သုံးသပ်ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီး စတင်တွေ့ရှိပြီဟု ထုတ်ပြန်ခဲ့ သော သြဂုတ်၂၆ရက်မှစတင်ကာ ရေကြောင်းကျွမ်းကျင်သူများ၊ ရေလုပ်သားများမှာ မြေအောက်သို့ နစ်မြုပ် နေသော ခေါင်းလောင်း တော်ကြီး အားဆယ်ယူရာတွင် ခေါင်းလောင်းတော်ကြီးနစ်မြုပ်နေသည့် အတိမ်အနက်အရ မြေအောက် ခြေသို့ ဂလောင် အပေါက်ကြီးဖြစ်ပွားနိုင်ကာ ထိုဂ လောင်အပေါက်ကြီးကြောင့် ရန်ကုန် မြစ်အတွင်း မြစ်ကြောင်းပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်ကာ ရေကြောင်း ဖြင့် သွားလာရေးလမ်းကြောင်းများ ပြောင်းလဲသွားနိုင်သည်ဟု ဝေဖန်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

''ယေဘုယျအားဖြင့် အရာ ဝတ္ထုပစ္စည်းတစ်ခုကို ကုန်းပေါ်မှာပဲ တူးတူး၊ ရေထဲမှာပဲ တူးတူး တူးတဲ့နေ ရာမှာ ချိုင့်ဖြစ်သွားသလို တခြားနေရာမှာ မို့မောက်သွားမယ်။ ချိုင့်သွား တဲ့အတွက် ဝဲတွေဖြစ်လာနိုင်ပြီး ရေ ကြောင်းပြောင်းလဲမှုတွေဖြစ်လာနိုင် သလို မို့သွားတဲ့အတွက် ရေကြောင်း ပြောင်းလဲမှုတွေဖြစ်လာနိုင် တယ်။ ဒါကို အတိအကျပြောဖို့က ရေကြောင်း စစ်ဆေးတိုင်းတာမှုတွေကို အတိအကျလုပ်ပြီး မှပြောနိုင် မယ်။ ယေဘုယျအားဖြင့်တော့ စောစောကပြောသလိုပဲ'' ဟု ရေကြောင်း ပို့ဆောင်ရေးဆိုင်ရာ အရာတမ်း တစ်ဦးဖြစ်သည့် ဦးကြင်နာက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

ယခု ခေါင်းလောင်းတော်ကြီး ဆယ်ယူနေသည့်နေရာ တစ်ဝိုက်တွင် ရေကြောင်းဖြင့် အသက်မွေးနေ သည့် ရေတံငါသည် လုပ်သားများနှင့် သမ္ဗန် စက်လှေများဖြင့် ရေကြောင်းပို့ ဆောင်ရေးပြုလုပ်နေသည့် ရေလုပ်သားများက ရန်ကုန်မြစ်ကြောင်း ပြောင်းလဲသွားမည့်အပေါ်တွင် စိုး ရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ခေါင်းလောင်း တော်ကြီးဆယ်ယူနေသည့်နေရာသို့ လာရောက်ကြည့်ရှု သူများထက် စီး ပွားရေးလုပ်ကာ အမြတ်ထုတ်နေသူများ ပိုမိုများပြားနေကြောင်းနှင့် ခေါင်း လောင်းတော်ကြီးတွေ့ရှိပြီ ဆိုသော သတင်းပေါ်တွင် လက်ခံသူများရှိနေကြသလို ဝေဖန်သူများလည်း ရှိနေ ကြသည်။

ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်းပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်မှု အားနည်းနေခြင်းကြောင့် ပြည်သူများအကြားနှင့် အင်တာနက် အွန်လိုင်းစာမျက်နှာများတွင် ခေါင်း လောင်းတော်ကြီးနှင့် ပတ်သက်၍ ကောလာဟလသတင်းများ များစွာ ပေါ်ပေါက်နေကြောင်း သိရသည်။

NMK
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List