Wednesday, September 03, 2014

ဂျပန်ဝန်ကြီးအဖွဲ့ဝင် လေးပုံတစ်ပုံနေရာတွင် အမျိုးသမီးများကို ခန့်အပ်သွားမည်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရအဖွဲ့ဝန်ကြီးများ၏ လေးပုံတစ်ပုံကျော်နေရာတွင် အမျိုးသမီး များကို ခန့်အပ်သွားရန်ရှိကြောင်း စက်တင်ဘာ ၃ ရက်တွင် ထွက်ပေါ်လာသော သတင်းများအရ သိရှိ ရသည်။

ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ စီးပွားရးလုပ်ငန်းများနှင့် နိုင်ငံရေး နယ်ပယ်များရှိ ထိပ်ပိုင်းရာ ထူးများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို ခန့်အပ်သွားရန် ရည်ရွယ်ထားကြောင်း ရှင်ဇိုအာဘေးက မကြာခဏထုတ်ဖော် ပြောကြားခဲ့သည်။

“အရာရာတိုင်းကို အမျိုးသားတွေရဲ့ အမြင်ထောင့်ကနေ ကြည့်တာကို ပြောင်းလဲပစ်ရပါမယ်။ ကျွန်တော် အသုံးမပြုဘဲထားတဲ့ ရင်းမြစ်တွေက အမျိုးသမီးတွေရဲ့ စွမ်းအားဖြစ်နေပါတယ်။ ဂျပန်နိုင်ငံဟာ အမျိုးသမီး
တွေရဲ့ဘ၀ ထွန်းလင်းတောက်ပဖို့ နေရာတစ်ခုဖြစ်စေရပါမယ်” ဟု ယခုနှစ်အစောပိုင်း မိန့်ခွန်းတစ်ခုတွင် ရှင်ဇိုအာဘေးက ထည့်သွင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် စီမံအုပ်ချုပ်ရေးနယ်ပယ်အတွင်း အမျိုးသမီး ၁၁ ရာခိုင်နှုန်း သာရှိပြီး အမေရိကန်တွင် ၄၃ ရာခိုင်နှုန်းနှင့် ပြင်သစ်တွင် ၃၉ ရာခိုင်နှုန်း အသီးသီးရှိသည်။ 

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List