Friday, September 05, 2014

ထိုင်ဝမ်တွင် နှစ်စဉ် ထိုင်ဝမ်ဒေါ်လာ သန်းတစ်ရာခန့် ရသည့် ပြည့်တန်ဆာဂိုဏ်းကို အာဏာပိုင်များ ဖမ်းဆီး


တရုတ်အမျိုးသမီးငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစားခေါင်းပုံဖြတ်နေပြီး တစ်နှစ်လျှင် ထိုင်ဝမ် ဒေါ်လာ သန်း ၁၀၀ ခန့် (အမေရိကန်ဒေါ်လာ သုံးသန်း)ခန့် ၀င်ငွေရရှိနေသော ဂိုဏ်းတစ်ဂိုဏ်းကို ထိုင်ဝမ် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၄ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က အင်္ဂါနေ့ညနှင့် ဗုဒ္ဓဟူးနေ့ စောစောပိုင်းတွင် တိုင်ပေမြို့တွင် ယင်းဂိုဏ်းကို ၀င်ရောက် ဖမ်းဆီးရာ မသင်္ကာသူ ၁၈ ဦးကို ဖမ်းဆီးမိပြီး ဖမ်းဆီးမိသူများတွင် တရုတ်အမျိုးသမီး ရှစ်ဦးနှင့် ပြည့်တန်ဆာ ခေါင်းများ ပါဝင်ကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီက ပြောသည်။

ထိုဂိုဏ်းသည် ဆေးတက္ကသိုလ် စာမေးပွဲဖြေရန် ထိုင်ဝမ်သို့ လာရောက်ကြသော တရုတ် အမျိုးသမီးငယ် ကလေးများနှင့် ကောလိပ်ကျောင်းသူများအား သွေးဆောင် မြှူဆွယ်ခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်က ဤလုပ်ငန်းကို စတင်ထူထောင်ပြီးနောက်တွင် ထိုင်ဝမ် ဒေါ်လာသန်း ၁၀၀ ခန့် ၀င်ငွေရခဲ့သည်ဟု ဆိုသည်။

မိန်းကလေးတစ်ဦးက ၎င်းသည် တစ်ကြိမ်ဖျော်ဖြေလျှင် ထိုင်ဝမ် ဒေါ်လာ ၁၅,၀၀၀ ရခဲ့ပြီး ဖောက်သည် ၁၁၀ ကို သီတင်းနှစ်ပတ် အတွင်း ဖျော်ဖြေခဲ့ရသည်ဟု ဆိုသည်။ အဖမ်းခံရသူ ၁၈ ဦးတွင် ထို မိန်းကလေးလည်း ပါဝင်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List