Tuesday, September 02, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပ သုံးနိုင်ငံသို့ သွားရောက်ရန် စတင်ထွက်ခွာ


ယခုနှစ်အတွင်း နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ် အနည်းငယ်သာ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန် စသည့် ဥရောပနိုင်ငံများသို့ သွားရောက်ရန် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ထွက်ခွာသွားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
ယင်းခရီးစဉ်သည် ချစ်ကြည်ရေး ခရီးတစ်ခုသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ 

ယင်းခရီးစဉ်အတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိမရှိနှင့် ခရီးကြာမြင့်ကိုမူ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ယင်းခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် ဂျာမနီနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး ယင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံအခြေစိုက် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော သတင်းဌာနများက ရေးသားဖော်ပြထားသည်။ 

ဂျာမနီနိုင်ငံသမ္မတ ရိုအာဟင်းမ် ဂေါ့ (က်) သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဂျာမနီ- မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သော ဗြိတိန်၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ 

ယင်းအပြင် သမ္မတဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် မတ်လအတွင်း ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ စသည့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Van Pompuy တို့နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒီမိုကရေစီလမ်းစဉ်သို့ ဦးတည်ရွေ့ လျားနေသော မြန်မာ့ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂက ယူရိုသန်း ၁၅၀ ထောက်ပံ့မည်ဟု ကတိကဝတ် ပြုလိုက်ကြောင်း ဥရောပသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

My Blog List