Tuesday, September 02, 2014

ဖိလစ်ပိုင် လေဆိပ်အား ဗုံးခွဲရန် ကြိုးပမ်းသူများက တရုတ်သံရုံးကိုပါ တိုက်ခိုက်ရန် စီစဉ်ခဲ့


ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာလေဆိပ်အား ဗုံးခွဲရန် ကြိုးပမ်းခဲ့သူများသည် တရုတ်သံရုံးနှင့် မနီလာ မြို့ရှိ ဈေးဝယ်စင်တာကြီးတစ်ခုကိုလည်း ဗုံးခွဲရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင် ထားသည့် ဗင်ကားတစ်စီးနှင့်အတူ စက်တင်ဘာ ၁ ရက်က မနီလာလေဆိပ်တွင် ဖမ်းမိခဲ့သူများသည် ၎င်းတို့ အနေဖြင့် တရုတ် မုန်းတီးမှုများကို ဖော်ထုတ် ရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီး လီလာဒေလိုင်မာက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီအဖျက်သမားအုပ်စုက သူတို့ကိုယ်သူတို့ ဖိလစ်ပိုင်ပြည်သူတွေကို ကာကွယ်သူတွေလို့ ပြောပါ တယ်။ တရုတ်နိုင်ငံသားတွေနဲ့ ဖိလစ်ပိုင်က တရုတ်တွေ က နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေမှာ လာပြီး လက်ဝါးကြီးအုပ်နေတဲ့ ရန်သူတွေအဖြစ် သူတို့က သတ်မှတ်ထားပါတယ်” ဟု ဒေလိုင်မာက ပြောကြား သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားပြဿနာတွင် ဖိလစ်ပိုင် အစိုးရက ရပ်တည်ချက် ပျော့ပြောင်းနေခြင်းအပေါ် ယခု ဖမ်းမိခဲ့သူများက မကျေနပ်ကြောင်း သိရသည်။

ယခုဖမ်းမိသူများအပြင် ၎င်းတို့အဖွဲ့မှလူများက တရုတ်နိုင်ငံနှင့် ပတ်သက်နေသော သို့မဟုတ် ဖိလစ်ပိုင်နိုင်ငံ သား တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများကို တိုက်ခိုက်ရန် စီစဉ်ခဲ့ ကြောင်း ဒေလိုင်မာက ပြောကြားသည်။

၎င်းတို့ တိုက်ခိုက်ရန် စီစဉ်ခဲ့သည့် နေရာများတွင် တရုတ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဖိလစ်ပိုင်တွင် အချမ်းသာ ဆုံးဖြစ်သည့် ဟင်နရီဆိုင်းဆိုသူ ပိုင်ဆိုင်သည့် SM Mall of Asia နှင့် ဖိလစ်ပိုင်နိုင်ငံသား တရုတ်နွယ်ဖွား တစ်ဦးဖြစ်ပြီး Forbes မဂ္ဂဇင်းက နိုင်ငံတွင်း အဆင့်ခြောက် ချမ်းသားသူတစ်ဦး အဖြစ် ရွေးချယ်ခံထား ရသူ ဒေးဗစ်ကွန်ဆွန်ဂျီ ပိုင်ဆိုင်သော DMCI ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List