Monday, September 01, 2014

မြန်မာနိုင်ငံတွင်လည်း အီး ဗီဇာ ကျင့်သုံးတော့မည်


မြန်မာနိုင်ငံတွင် ပထမဆုံး အီးဗီဇာ (e visa) အားစတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းတွင်သာ အသုံးပြုနိုင်ဦးမည်ဟု ယနေ့ ပါ့ရိုင်ရယ် ဟော်တယ်၌ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြောဆိုချက်အရသိရသည်။ 

အီးဗွီဇာအား နိုင်ငံပေါင်း (၄၂) နိုင်ငံမှ တရားဝင်လျှောက်ခွင့်ရရှိမည်ဖြစ်ပြီး နေထိုင်ခွင့် (၂၈) ရက်နှင့် ဝန်ဆောင်မှုစရိတ် အမေရိကန်ဒေါ်လာ (၅၀) ပေးသွင်းရမည်ဟုသိရသည်။ 

ဝန်ဆောင်မှုစရိတ်အား ဗွီဇာရသည်ဖြစ်စေ မရသည်ဖြစ်စေ စတင် လျှောက်စဉ်မှာပင် လျှောက်ထားသူ၏ ခရစ်ဒစ်ကဒ်မှ ဖြတ်တောက်မည်ဖြစ်ပြီး မာစတာကဒ် (Master Card) နှင့် (Visa) ကဒ်များမှပေးချေနိုင် သည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံတစ်ကာလေဆိပ်များရဲ့ ခရီးသည်လက်ခံနိုင်မှု စွမ်းပကားပေါ် မူတည်ပြီးတော့ တိုးရစ်ဗွီဇာကို ဆိုက်ရောက်ဗွီဇာအဖြစ် ခွင့်ပြုဖို့ ဖြစ်နိုင်ခြေမရှိတော့တဲ့အတွက်ကြောင့် တိုးရစ်ဗီဇာကို အီး ဗီဇာစနစ် ဆောင်ရွက်ပေးရန် ယခုလို စီမံခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဦးခင်ရီက ပြောသည်။

အီး ဗွီဇာလျှောက်ထားရန်ဝက်ဆိုက် (www.http://evisa.moip.gov.mm/) ဘီတာ ဗားရှင်းအား သြဂုတ် လ ၁၀ ရက်နေ့ကတည်းက အင်တာနက်ပေါ်သို့စတင်လွှတ်တင်ခဲ့ပြီး လျှောက်ထားသူ ၅၈၄ဦးအနက် 
(၅၃၁)ဦးအား ခွင့်ပြုထားပြီး စလျှောက်သည့်နေ့မှ (၅)ရက်အတွင်း ခွင့်ပြု မပြုကို ပြန်ကြားသွားမည်ဟု သိရသည်။

အစိုးရက (BOT) စနစ်ဖြင့် Myanmar Eastness ကုမ္ပဏီအားဒေါ်လာ (၂၇)သန်းရင်းနှီးခွင့်ပြုပြီး လုပ်ကိုင် ခွင့်ပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ အီးဗီဇာအသုံးပြုနိုင်မှုသည် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။ 

သော်ဇင်စိုး 
The Myanma Age

No comments:

Post a Comment

My Blog List