Thursday, September 04, 2014

ရခိုင်နှင့် ဘင်္ဂါလီ နီးကပ်သည့် နေရာများတွင် လုံခြုံရေး တိုးမြှင့်ပေးရန် ဒုသမ္မတထံ တောင်းဆို


ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ နီးကပ်စွာ နေထိုင်နေကြ သည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို စစ်တွေမြို့ ဒေသခံများက တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ဒုတိယသမ္မတနှင့် စစ်တွေမြို့ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ တင်ပြတောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

လုံခြုံရေး တိုးမြှင့်ရေးကိစ္စကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူလူထု ညှိနှိုင်းလုပ်ဆောင်နိုင်သည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြန်လည်ပြောဆိုခဲ့ပြီး လုံခြုံရေး တိုးမြှင့်ရေးအတွက် ကတိ တစ်စုံတစ်ရာ မပေးခဲ့ကြောင်း ၎င်းက ပြန်လည်ပြောဆိုသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက် (ဘင်္ဂါလီများနှင့် နီးကပ်သောနေရာ) ရှိ အမျိုးသမီးများ အတွက် လုံခြုံရေး အားနည်းမှုများကို တင်ပြခဲ့ကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် အအေးခန်း ချက်ချင်း တည်ဆောက်ပေးမည်ဟု ကတိပေးခဲ့ပြီး စစ်တွေမြို့ တွင် အထည်ချုပ်စက်ရုံများ တည်ဆောက်ရန်၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာအောင် လုပ်ဆောင်ပေးမည်ဟု ဒုတိယသမ္မတက ပြောဆိုခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List