Wednesday, September 03, 2014

ငါပထမရကို ရရမယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုအပြည့်ထားပြီးတော့ ဝင်ပြိုင်ခဲ့တာကြောင့် ခုလိုဆုကို ရရှိခဲ့တာလို့ဆိုတဲ့ Miss Myanmar International ဆုရှင် ခင်ဝေဖြိုးဟန်

   
Miss Myanmar International ဆုရှင်ဖြစ်တဲ့ ခင်ဝေဖြိုးဟန်ကို ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် သူမရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ရော၊ ပြိုင်ပွဲအတွေ့အကြုံတွေကိုပါ ခုလို မေးဖြစ်တဲ့အခါ  “ ညီမအခုလိုမျိုး Miss Myanmar International ပွဲမှာ Miss ဆုရရှိခဲ့တာကို အရမ်းဝမ်းသာတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမအတွက် ဒီပွဲလေးက ပထမဆုံးပြိုင်ဖူးခြင်းပါ။ တစ်ခါမှလည်း အတွေ့ အကြုံမရှိခဲ့ဘူး။ ညီမရဲ့အသက်ကလည်း အခုမှ၁၈နှစ်ပြည့်တာပါ။ 

ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာကလည်း ညီမရဲ့သူငယ်ချင်းတွေရော၊  ညီမရဲ့အမေကရော ညီမကိုပြောပါ တယ်။ နင်ပြိုင်ကြည့်ပါလား။ နင်က အရပ်အမောင်းကောင်းတယ်။ အသားအရေလည်း ကောင်းတယ် ပေါ့နော်။ ပြီးတော့ ခန္ဓာကိုယ်လည်းရှိတော့ ပြိုင်ရင် ဆုရလောက်တယ် ဆိုပြီးပေါ့နော်။ ပြီးတော့ညီမက အင်္ဂလိပ်စကားလည်းရတယ်လေ။ အဲဒါနဲ့ပဲ ညီမက သူတို့တွေပြောတာနဲ့ပဲ ပြိုင်မယ်ဆိုပြီးတော့ လုပ် လိုက်တော့ သိလိုက်ရတာ လျှောက်လွှာနောက်ဆုံး ရက်ဖြစ်နေပြီ။ အဲဒီ့နောက်ဆုံးနေ့မှာပဲ တင်လိုက်ရ တာပေါ့နော်။ 

လျှောက်လွှာတင်သွားပြီးတော့ လူရွေးဖို့အတွက် ညီမတို့ကို နှစ်ပတ် ကန့်သွင်းတယ်။ အဲဒီ့နှစ်ပတ်မှာ သင်ပေးခဲ့တဲ့ မတင်မိုးလွင် ကိုလည်း ညီမ ဒီကနေ ကျေးဇူးအရမ်းတင်တယ်လို့ ပြောချင်ပါတယ်။ မတင်မိုးလွင် ကျေးဇူးကြောင့် လည်း အခုလိုဆုရခဲ့တာပါပါတယ်။” လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် ခင်ဝေဖြိုးဟန်ဟာ ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုပြီး စဉ်းစားကတည်းက ငါဒီပြိုင်ပွဲမှာ ပထမရအောင် ပြိုင်မယ်ဆိုတဲ့ စိတ်ထားပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြိုင်ခဲ့တာလို့လည်း ဆိုပါသေးတယ်။ ဒါကိုတော့ သူမက “ဘာဖြစ်လို့လဲဆိုတော့ ညီမက ကျောင်းမှာဆိုရင် အားကစား ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ် နေကျဆိုတော့ အားကစား စိတ်ဓာတ်အပြည့်ရှိတဲ့သူ ဖြစ်တာကြောင့် ပထမရကို ရရမယ် ဆိုတဲ့စိတ် အမြဲ ထားထားတာကြောင့်ပါပဲ။ 

အမြဲလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထား တတ်ပါတယ်။ ညီမ နောက်နှစ်လနေရင် ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဆိုတော့ ဒီမှာနှစ်လ ညီမအတွက်ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့။ ညီမ အကတိုက်တာ လေ့ကျင့်သွားမယ်။ General Knowledge ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာသွားမယ်။ နောက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကိုယ့်မြန်မာပြည်ရဲ့ သမိုင်း အကြောင်းတွေကိုလည်း သိအောင်လို့ လေ့လာသွားမှာပါ။ ညီမအနေနဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်း သွားမယ့် အရာကို ပြောရရင် ညီမအနုပညာအလုပ်တွေထက် ပညာရေးကိုပဲ ဦးစားပေးပြီးလုပ်သွားဖို့ပဲ ရှိပါတယ်။ ညီမ ကျောင်းတက်ရဦးမှာပါ။ 

ညီမက Yangon International School မှာကျောင်းတက်နေပါတယ်။ ဒါပေမယ့် ညီမ ကိုဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကနေ ဓာတ်ပုံရိုက်ပေးဖို့တို့၊ ကြော်ငြာရိုက်ဖို့တို့ ကမ်းလှမ်းလာရင်တော့ လုပ်ပေးဖြစ်မှာပါ။ ဒီ့ထက်တော့ လုပ်သွားဖို့မရှိပါဘူး”တဲ့။

Trend Myanmar

No comments:

Post a Comment

My Blog List