Thursday, September 04, 2014

တပ်ဖွဲ့ဝင်တစ်ဦး အရေးယူခံထားရမှုအခြေအနေကို မေးမြန်းရန် ဘားအံမြို့မရဲစခန်းသို့ KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀ ခန့် လက်နက်အပြည့် အစုံနှင့် လာရောက်ရာ မြို့ခံများစိုးရိမ်ထိတ်လန့်ခဲ့


KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ဗိုလ်အယူဆိုသူအား လက်နက်လက် ၀ယ်တွေ့ရှိမှုဖြင့် အမှုဖွင့်အရေးယူထားမှုအပေါ် KNU/KNLA (PC) အဖွဲ့က အမှုတွဲအခြေအနေကိုသိရှိရန်အတွက် ဘားအံမြို့မရဲစခန်းသို့ (KNU/KNLA (PC) ဌာနချုပ်တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်မှ လက်နက်အပြည့် အစုံဖြင့် လာရောက်ဆွေးနွေး ခဲ့သဖြင့် ဘားအံမြို့ခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့မရဲစခန်းမှ လွန်ခဲ့သည့် သြဂုတ် ၁၀ ရက်တွင် (KNU/KNLA (PC) ဌာန ချုပ်တပ်ဖွဲ့မှ ဗိုလ်အယူဆိုသူအား လက်နက်လက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်ကာ ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်အရေးယူထားပြီးနောက် စက်တင်ဘာ ၃ ရက် နံနက် ၁၀ အချိန်ခန့်တွင် (KNU/KNLA (PC) ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ စောဂျိုးဇက်ခေါင်းဆောင်၍ ဘားအံမြို့နယ် ကရင်ကော့ကျိုက်ကျေးရွာ အခြေပြုဗဟိုလယ်ယာတာဝန်ခံဗိုလ် ကျော်ကျော်ဦးစီးတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်က လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အမှုဖွင့်ကိစ္စအား လာရောက်ဆွေးနွေးခဲ့ကြောင်း၊ (KNU/KNLA (PC) တပ်ဖွဲ့ဝင်များမှာ ဘားအံမြို့မရဲစခန်းရှေ့တွင် အသင့်အနေအထားဖြင့် ၀ိုင်းရံထားသည့် သဏ္ဌာန်အနေအထားကြောင့် မြို့မရဲစခန်းအနီးရှိ ရွှေဆိုင်တန်းမှ ဆိုင်ခန်းတချို့ပိတ်သိမ်းမှုရှိခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ မြို့ခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"ကား ၁၀ စီးလောက်လာပြီး လက်နက်အပြည့်အစုံနဲ့ ရဲစခန်းရှေ့မှာ နေရာယူ ထားတာတွေ့တော့ ဘာများဖြစ်လေမလဲဆိုပြီး စိုးရိမ်ထိတ်လန့်သွားတယ်။ တချို့ဈေးဆိုင်ခန်းတွေပိတ်ပြီး အိမ်ကိုတန်းပြန်ကြ တယ်။ မွန်းတည့် ၁၂ နာရီကျော်မှ အဲဒီ KNU အဖွဲ့က ရဲစခန်းကနေ ထွက်ခွာသွားတာတွေ့ရတယ်" ဟု မြို့ခံတစ်ဦး ကဆိုသည်။

(KNU/KNLA (PC) တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ထို့ကော်ကိုးမှ တစ်ဆင့် ဘားအံ KNU ဆက်ဆံရေးရုံးသို့လာရောက်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် အမှုတွဲကိစ္စဖြင့် ဘားအံမြို့မရဲစခန်းသို့ တပ်ဖွဲ့အင်အားအပြည့်အစုံဖြင့် လာရောက် ကာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အေးချမ်းစွာ ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List