Wednesday, September 03, 2014

Asean Animation Contest ၌ မြန်မာနိုင်ငံမှ ပ၊ ဒု၊ တ သုံးဆုစလုံး ရရှိ



ထိုင်းနိုင်ငံ၌ ဇူလိုင်လနှင့် သြဂုတ်လများက ကျင်းပခဲ့သော Asean Animation Contest တွင် မြန်မာနိုင်ငံ မှ ပထမ၊ ဒုတိယ၊ တတိယ သုံးဆုစလုံးရရှိခဲ့ကြောင်း ယနေ့ ရုပ်ရှင်အစည်းအရုံး ခန်းမ၌ ကျင်းပသော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

အာဆီယံနိုင်ငံများမှ လာရောက်ယှဉ်ပြိုင်သော ၂၄ ဖွဲ့ အနက်မှ နောက်ဆုံး စကာတင် ခြောက်ဖွဲ့တွင် မြန်မာနိုင်ငံမှ သုံးဖွဲ့ပါဝင်ခဲ့ပြီး သုံးဦးစလုံးက ဆုရရှိခဲ့ပြီး နိုင်ငံတချို့က နှစ်သိမ့်ဆုများရရှိခဲ့သည်ဟု သိရသည်။

ပထမဆုရရှိခဲ့သော ဗွီဒီယို အင်နီမေးရှင်းသည် မူပိုင်ခွင့် ကာကွယ်ခွင့်အား ဖော်ကျူးထားသော တစ်မိနစ် စာ ဗွီဒီယို အင်နီမေးရှင်းဖြစ်သည်။

“အိုင်ဒီယာနဲ့ ကွန်းဆက်ကောင်းလို့ရခဲ့တာလို့ထင်တယ်။ ရုပ်ပြဇာတ်တွေ ထိရောက်လို့ ကြိုက်လို့၊ ကွန် ဆက်အပေါ်မှာ အမ်နီမေးရှင်းတွေက တစ်လလောက်အတွင်းမှာ အကောင်းဆုံးရေးနိုင်ခဲ့လို့ ရွေးလိုက် တာ” ဟု ပထမဆုရရှိခဲ့သော အသက် (၂၈) နှစ်ရှိ ကိုလင်းထက်မောင်က ပြောသည်။ 

မြန်မာနိုင်ငံတွင် အင်နီမေးရှင်း ပြုလုပ်သူများသည် ရုပ်ရှင်အဖြစ် ရုံတင်နိုင်သော အဆင့်အထိ ဖန်တီး ချင်နေကြသော်လည်း ကြေငြာများအဖြစ်သာ ရှင်သန်နေ ရကြောင်းသိရသည်။ 

မြန်မာနိုင်ငံအနေနှင့် တင်ပြမှုကောင်းကောင်းဖြင့် အင်နီမေးရှင်းများ ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဥပမာ စင်ကာပူဆိုရင် Media Development Authority ရှိတယ်။ ဉာဏပစ္စည်းကို ကာကွယ်ဖို့အတွက် သီးခြားဌာနတွေရှိတယ်။ သူတို့က သူတို့ဖန်တီးလိုက်တဲ့အရာကို ဝင်ငွေအများကြီးရှာနိုင်တယ်။ကျွန်တော် တို့ မြန်မာနိုင်ငံမှာကျတော့ အဲဒီဟာနဲ့ ဝင်ငွေရှာနိုင်ကြတာ မယုံကြည်ကြဘူး။” ဟု ကိုလင်းထက်မောင် က ဆက်လက်ပြောကြားသည်။

The Myanma Age

No comments:

Post a Comment

My Blog List