Friday, September 05, 2014

အီဘိုလာရောဂါ ကူးစက်ပါက ထိန်းချုပ်နိုင်ဟု တရုတ်ပြော


အီဘိုလာရောဂါဟာ တရုတ်နိုင်ငံကို တကြိမ်မဟုတ်တကြိမ် ရောက်လာနိုင်ပေမယ့် အနောက်အာဖရိက နိုင်ငံတွေမှာလို အပြင်းအထန်ဖြစ်ပွားနိုင်ခြေ အတော်နည်းတယ်လို့ တရုတ်ကူးစက်ရောဂါဌာနက စက်တင်ဘာလ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဌာနရဲ့ ကျွမ်းကျင်သူတွေ လေ့လာသုံးသပ်ချက်အရ အာဖရိကမှာ ဖြစ်နေတဲ့ အီဘိုလာရောဂါ တရုတ်နိုင်ငံ ကို ရောက်လာနိုင်ခြေရှိပေမယ့် တရုတ်နိုင်ငံရဲ့ ရောဂါကွယ်ရေးစနစ်တွေကြောင့် ရောဂါကို ကောင်း ကောင်းကာကွယ် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ရောဂါကာကွယ်ရေးဌာန ဒုတိယ ဒါရိုက်တာ ဂိုဖူးက ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ အာဖရိကနိုင်ငံတွေနဲ့ စီးပွားရေးအရ ကူးလူးဆက်ဆံမှု များပြားပြီး တလကို တိုက်ရိုက် လေယာဉ်ခရီးစဉ် ၈ သောင်းကျော်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကြက်ငှက်တုပ်ကွေးလို ကူးစက်ရောဂါကြီးတွေ ဖြစ်ပွားခဲ့ဖူးတဲ့ အတွေ့အကြုံရှိထားတာ ကြောင့် အီဘိုလာရောဂါကာကွယ်ရေး တစုံတရာ အထောက်အကူရနိုင်မယ်လို့လည်း ဆိုပါတယ်။

၂၀၁၅ မှာ စတင်အသုံးပြုနိုင်မယ့် အဆင့်မြင့်ကူးစက်ရောဂါ သုတေသန ဓာတ်ခွဲခန်းတခုဆောက်လုပ်ဖို့ ကြိုးစားနေပြီး အီဘိုလာရောဂါ ကာကွယ် ကုသဆေးတွေ ဖော်ထုတ်နိုင်မယ်လို့လည်း မျှော်လင့်နေပါ တယ်။

တရုတ်နိုင်ငံမှာ အီဘိုလာသံသယရှိသူ ၂၀ လုံးဟာ အီဘိုလာရောဂါမရှိဘူးလို့ ကူးစက်ရောဂါကာကွယ် ရေးဌာနက စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List