Wednesday, September 03, 2014

ဂျာမနီနိုင်ငံဖရန့်ဖတ်သို့ရောက်ရှိနေသောသမ္မတဦးသိန်းစိန် နှင့် ဂျာမန် အာရှပစိဖိတ်စီးပွားရေးအဖွဲ့ဥက္ကဋ္ဌတို့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စ များဆွေးနွေး


ဥရောပ သုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး စတင်သွားရောက်နေသော နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် စက်တင် ဘာ ၂ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂နာရီတွင် Deutsche Bank နှင့် ဂျာမန်အာရှပစိ ဖိတ်စီးပွားရေးအဖွဲ့ (German Asia Pacific Business Association ) တို့မှ ဥက္ကဋ္ဌ Mr. Jurgen Fitschen နှင့် ကိုယ်စားလှယ်အဖွဲ့များနှင့် ဂျာမနီနိုင်ငံဖ ရန့်ဖတ်ရှိ အဆိုပါဘဏ်ရုံးချုပ်တွင် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ အစိုးရအဖွဲ့ဝင်ပြည် ထောင်စုဝန်ကြီးများ၊ ဂျာမနီနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးနွယ်တို့လည်း တက်ရောက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စများဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

နိုင်ငံတော် သမ္မတနှင့်ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် အဆို ပါဘဏ်ဌာနချုပ်တွင် Deutsche Bank နှင့် ဂျာမန်အာရှပစိဖိတ် စီးပွား ရေးအဖွဲ့ (German Asia Pacific Business Association ) ဥက္ကဋ္ဌ က တည်ခင်းဧည့်ခံသော နေ့လယ်စာ စားပွဲသို့ ဆက်လက်တက်ရောက်ခဲ့ ကြသည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်ဦးဆောင်သော ပုဂ္ဂလိ ကဘဏ်များမှ ကိုယ်စားလှယ်အဖွဲ့ဝင် ၃ဝတို့သည် Deutsche Bank နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် ရက်သတ္တပတ်ခန့် ကြိုတင်ရောက်ရှိနေခဲ့ကြသည်။ ဒေါက်တာစိန်မောင် ဦးဆောင် သော မြန်မာဘဏ်လုပ်ငန်းရှင်များကလည်း နိုင်ငံတော်သမ္မတနှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အ ဖွဲ့ကို အဆိုပါဘဏ်ဌာနချုပ်တွင် ကြို ဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

ဥရောပသုံးနိုင်ငံဖြစ်သော ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့သည် စက်တင်ဘာ ၁ရက် ညနေ ၅နာရီက မြန်မာနိုင်ငံ နေပြည် တော်မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာခဲ့ရာ စက်တင် ဘာ ၂ရက် ဒေသစံတော်ချိန် နံနက် ၆နာရီခွဲ တွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ ကြခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် စက် တင်ဘာ ၂ရက် ဒေသစံတော်ချိန် ညနေ ၃နာရီ ၁၃မိနစ်တွင် ဖရန့်ဖတ်မြို့မှ ဘာလင်မြို့သို့ အမြန်ရထား ဖြင့် ဆက်လက်ခရီးထွက်ခွာသွား ကြောင်း သတင်းရရှိသည်။

ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင် စုဝန်ကြီးများဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ဦးသန်းဆွေနှင့် အခြားဌာနဆိုင်ရာအရာရှိကြီးများ လိုက်ပါသွားကြကြောင်း သိရ သည်။

သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်ခရီးစဉ်တွင် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများ သို့ ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၂၅ရက် မှ မတ် ၈ရက်အထိလည်းကောင်း၊ ဒုတိယမြောက်ခရီးစဉ်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ၂ဝ၁၃ခုနှစ် ဇူ လိုင် ၁၄ရက်မှ ၂ဝရက်အထိလည်း ကောင်း သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့်အဖွဲ့သည် စက်တင်ဘာ ၁ရက် ညနေပိုင်းတွင် နေပြည်တော်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ည ၉နာရီခွဲတွင် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအ မတ်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် ည ၁၁နာရီ ၅၅မိနစ်တွင် စင်ကာပူ လေကြောင်းလိုင်းဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂ရက် ဒေသစံတော်ချိန် နံနက် ၆နာရီခွဲတွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ နိုင်ငံ သံအမတ်ကြီး H.E.Mr. Christian-Ludwig WeberLortsch၊ ဂျာမနီနိုင်ငံ သံတမန်ရေး ရာဌာနမှ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်များဌာန ဒုတိယအကြီးအကဲ Mr. Volker Timmermann၊ ဂျာမနီ နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးစိုးနွယ်နှင့် တာဝန်ရှိသူများက လေ ဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် Frankfurter Hof ဟိုတယ်သို့ ရောက်ရှိ ခဲ့ကြခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List