Wednesday, September 03, 2014

The 6th ASESN China Young Entrepreneurs Forum 2014 ပြုလုပ်မည်


မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်သူများအသင်းမှဦးဆောင်၍ The 6th ASESN China Young Entrepreneurs Forum 2014 ကိုစက်တင်ဘာ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်ပြုလုပ်မည်ဖြစ်ပြီး ၄င်းဖိုရမ်သို့မြန်မာနိုင်ငံလူငယ် စွန့်ဦးလုပ်ငန်းရှင်များအသင်းဝင်များအပါအဝင်အာဆီယံ(၁၀)နိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှလူငယ် စွန့်ဦး လုပ်ငန်ရှင်ကိုယ်စားလှယ်ပေါင်း (၂၀၀)ကျော်ခန့်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ကိုအာဆီယံနိုင်ငံများအချင်းချင်း အပြင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံရှိလူငယ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသူများအကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန် လာစေရန်၊ စီးပွားရေးဆိုင်ရာအတွေ့
အကြုံများဖလှယ် နိုင်စေရန်၊စီးပွားရေးအခွင့်အလမ်းကောင်းများကိုမျှဝေနိုင်စေရန်နှင့် အတူတကွလက်တွဲ လုပ်ဆောင်နိုင်ရန်အတွက်ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်းများ အသင်းဥက္ကဌ ဦးအောင်စိုးသူကပြောသည်။

‘ကျွန်တော်တို့အသင်းအနေနဲ့ကလူငယ်တွေအလုပ်လုပ်ချင်တဲ့စိတ်ဖြစ်ပေါ်လာအောင် အကြံဥာဏ်တွေ ပေးတာမျိုး တွေကိုနယ်လှည့်ပြီးဟောပြောပွဲတွေလုပ်တယ် တချို့နယ်စွန်နယ်ဖျား တွေမျာဆိုရင် ကုမ္ပဏီ ဆိုတာကိုဘာမှန်းမသိဘူး အလုပ်ဆိုတာဘယ်လိုလုပ်၇မယ်ဆိုမသိသေးတဲ့သူတွေအများကြီးရှိပါသေး 
တယ် ၊လူငယ်ဆိုတာအနာဂါတ် ရဲ့ခေါင်းဆောင်တွေ လို့လူတိုင်းလဲပြောနေကြပါတယ် ဒီလူငယ်တွေကို ကျွန်တော်တို့သိသလောက် ၊တက်သလောက် မျှဝေပေးပါတယ်” ဟု ဦးအောင်စိုးကပြောသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့်တရုပ်ပြည်သူ့သမ္မ နိုင်ငံတို့အကြား စီးပွားရေး နှင့်လူမှူရေး ဆိုင်းရာ အရေးကိစ္စများကို ဦးစားပေးဆွေးနွေးရန်ရည်ရွယ်ထားပြီး အခြားဟောပြောဆွေးနွေးမည့် အကြောင်းအရာများမှာစွန့်ဦးတီထွင်လုပ်ငန်းများ၏ အရေးပါသော အခန်းကဏ္ဍများ၊ဘဏ္ဍရေးဆိုင်ရာ
စံသတ်မှတ်များ အကြောင်းသိကောင်းစရာများ ၊စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ စီးပွားရေးအခြေခံစနစ်များ မှန်ကန်စွာတည်ဆောက် နိုင်ရေး၊ ကမ္ဘာစီးပွားရေး စနစ်ကိုအာဆီယံ အဖွဲ့ဝင်နိုင်ငံများ နှင့်တရုပ်ပြည်သူ့ သမ္မနိုင်ငံတို့ ပူပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ရေးစသည်များကို ဆွေးနွေးဟောပြော နိုင်ရင် စီစဉ်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေဟာအစွမ်းအစရှိတဲ့လူငယ်တွေပါပဲလုပ်ငန်းလုပ်ချင်ကိုင်ချင်တဲ့လူငယ်တွေ လည်းရှိနေပါတယ် အလုပ်လုပ်ဖို့အခွင့်အရေးလေးနဲ့လမ်းကြောင်းချပေးဖို့ပဲလိုပါတယ်အလုပ်အကိုင် အခွင့်အလမ်းတွေဖွင့်ပေးနိုင်မယ်ဆိုရင် သူတို့အတွက် အဆင်ပြေသွားမှာပါ”ဟုမြန်မာနိုင်ငံလူငယ်စွန့်ဦး 
လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်ဦးဝေဖြိုးကပြောသည်။

အဆိုပါ The 6th ASESN China Young Entrepreneurs Forum 2014 ကိုတရုပ်နိုင်ငံ ကွမ်ရှီးပြည်နယ် ၊နန်နင်းမြို့တွင် တရုပ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် နှစ်စဉ် အလှည့်ကျ ကျင်းပခဲ့ပြီး ၂၀၁၃ခုနှစ်၊သြဂုတ် လတွင် ဘရူနိင်းနိုင်ငံဘန်ဒါဆရီဘီဂါဝန်မြိုတွင်ကျင်းပခဲ့သည့် 5th ASESN China Young Entrepreneurs Forumတွင်မြန်မာနိုင်ငံလူငယ်စွန်ဦးတီထွင်သူများလုပ်ငန်းရှင်များအသင်းက ASESN China Young Entrepreneurs Association ၏အလှည့်ကျ ဥက္ကဌ တာဝန်ကိုလွဲပြောင်းလက်ခံယူခဲ့ပြီး ယခုကျင်းပြမည့် The 6th ASESN China Young Entrepreneurs Forum 2014 ကိုအိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပြည်ဟိန်း
The Myanmar Age

No comments:

Post a Comment

My Blog List