Monday, September 01, 2014

UNFC တွင် ရှေ့ဆက်ပါဝင်ရန် KNU ဗဟိုကော်မတီ၌ ဆွေးနွေးမည်



ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပထမအကြိမ်ညီလာခံမှ နုတ်ထွက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် UNFCတွင် ရှေ့ဆက်ပါဝင်ခြင်း၊ မပါဝင်ခြင်းအတွက် ၎င်းတို့၏ ဗဟိုကော်မတီတွင် ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သိရသည်။

UNFC ပထမအကြိမ်ညီလာခံ သဘာပတိထံသို့ ယမန်နေ့ရက်စွဲဖြင့် ပေးပို့သည့် KNUဥက္ကဌစောမူတူးစေးဖိုး လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာတွင် ယင်းကဲ့သို့ ဖော်ပြပါရှိခြင်း ဖြစ်သည်။

ထို့အပြင် ရှေ့ဆက်၍ ညီလာခံသက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီဝင်အဖြစ် KUN ကိုယ်စားလှယ်များကို စေလွှတ်ခြင်း ပြုတော့မည်မဟုတ်ကြောင်းလည်း ပါရှိသည်။

UNFC အဖွဲ့ကို ၂ဝ၁၁ ဖေဖော်ဝါရီက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့တွင် KNUမှ ဖိုဒေးဗစ်သာကဘော သည် ဒုဥက္ကဌ အဖြစ်တာဝန်ယူလျက်ရှိသည်။

The Myanmar Age

No comments:

Post a Comment

My Blog List