Tuesday, September 02, 2014

ဓမ္မစေတီခေါင်းလောင်းကို ကြိုးဆိုင်းသိုင်းခြင်း လုပ်ငန်းများပြီးစီးပါက သတင်းမီဒီယာများနှင့် ပြည်သူများထံ သတင်းထုတ်ပြန်ပေးမည်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကို ကြိုးဆိုင်းသိုင်းခြင်း လုပ်ငန်းများပြီးစီးပါက သတင်းမီဒီယာသမားများနှင့် ပြည်သူများထံ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း ခေါင်းလောင်း ဆယ်ယူရေး ပြန်ကြားရေး အဖွဲ့မှ ဘဏ္ဍာထိန်း ဦးသန်းစိန်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

''ဓမ္မစေတီခေါင်းလောင်းတည်ရှိနေတဲ့ ၁၅ပတ်လည်က သဲနုန်းတွေ ကို ဆယ်ထုတ်နေတာဖြစ်တဲ့အတွက် အချိန်အနည်းငယ်တော့ ယူရပါလိမ့်မယ်။ ခေါင်းလောင်းကြိုးချည် လို့ရတာနဲ့ သတင်းမီဒီယာသမားတွေ နဲ့ ပြည်သူတွေကို သတင်းထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်''ဟု ယင်းက ပြောသည်။

စက်တင်ဘာ ၁ရက်မှ စတင် ကာ ဓမ္မစေတီခေါင်းလောင်း ခေါင်း လောင်းရှာဖွေရေး အဖွဲ့သည် ခေါင်း လောင်းဘေး ပတ်လည်မှ သဲနုန်းများကိုစုပ်ထုတ်နေပြီးဖြစ်ပြီး ယခုအခါ အဆိုပါလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေသည်မှာ ခြောက်ရက်တိုင် တိုင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်းခေါင်း လောင်းရှာဖွေရေးအဖွဲ့သည် သြဂုတ် ၂၆ရက်က ခေါင်းလောင်းကို တွေ့ရှိ ထားပြီဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့ပြီး သြဂုတ် ၂၇မှစတင်၍ အသောင်တူးစက်ဖြင့် ခေါင်းလောင်း ရှိနိုင်သည့်နေရာမှ နုန်းများကို ဖယ် ရှားခြင်းပြုလုပ်နေခြင်းဖြစ်သည်။ 

''ဒီနေ့စက်လှေနဲ့ သောင်တူး စက်နားကိုသွားကြည့်တော့ သောင် တူးစက်နဲ့ရေအောက်ထဲကသဲတွေ၊ နုန်းတွေကို ဆယ်ထုတ်နေတာတွေ့ ရပါတယ်။ သဲနုန်းတွေဆယ်နေတာ ဘယ်အချိန်မှ ပြီးမလဲမသိပါဘူး။ ခုချိန်ထိလဲ ခေါင်းလောင်းကြိုးဆိုင်း နေတာမရသေးဘူးလို့လဲ ကြားပါတယ်''ဟု သာကေတမြို့နယ်မှ ကိုဝေယံက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ် ယူသည့်နေရာသို့ လာရောက်ကြည့်ရှုသည့် ပြည်သူများမှာ နေ့စဉ်ခေါင်း လောင်းဆယ်ယူရရှိနိုင်ရန် မျှော်လင့် ချက်ဖြင့် အများအပြားလာရောက် ကြည့်ရှုလျက်ရှိနေသော်လည်း ယခင် ထက်နည်းပါးလာနေကြောင်း သိရ သည်။ 

TST
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List