Friday, September 05, 2014

Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်မည်ဟုဆို


Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန် အလှန်ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင် ရွက်ရခြင်းမှာ သရဖူပြန်လည်ရယူလိုခြင်းထက် မေမြတ်နိုး၏ လိမ်ညာခဲ့မှုများအတွက်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ Founder တစ်ဦးဖြစ်သူ Lawrence Choi ထုတ်ဖော်ပြောကြားသည်။ 

ယင်းကိစ္စ နှင့်ပတ်သက်၍ မေမြတ်နိုး၏မိခင်က ယင်းအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့လိမ်ညာမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။ 

“စက်တင်ဘာ ၂ ရက်မှာပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှုမှာ ပြောဆိုခဲ့တဲ့ စကားတွေမှာ လိမ်ညာမှုတွေ ပါဝင်နေပါတယ်။ ဒါကြောင့် မေမြတ်နိုးကို တရားစွဲဆိုသွားမှာပါ။ အခုကိစ္စက အာရှနိုင်ငံ အသီးသီးမှာ ဖော်ပြနေကြတဲ့ကိစ္စပါ။ ဒီအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာက အရေးကြီးပါ တယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ကိုရီးယားလူမျိုးတွေအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် သူလိမ်ညာခဲ့တာတွေအတွက် တရားစွဲဆိုသွားမှာပါ။ မနေ့ကပဲ ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို လည်း သွားခဲ့ပြီးပါပြီ။ ကျွန်တော်တို့လက်ထဲမှာ အထောက်အထားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ကိုရီးယားမှာရှိတဲ့ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း တင်ပြသွားမှာပါ။ အဓိကတော့ နှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေး၊ ဂုဏ်သိက္ခာနဲ့ တခြားနိုင်ငံအသီးသီးရဲ့အလယ်က ကိုရီးယားနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ဆက်လက်ဆောင်ရွက်သွား မှာပါ”ဟု Lawrence Choi က ပြောကြားသည်။ 

ယခုကိစ္စရပ်နှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “မီဒီယာတွေနဲ့တွေ့ဆုံပွဲ မှာပြောခဲ့သလိုပါပဲ။ တောင်းပန်စာပေးပို့မယ်ဆိုရင်တော့ သရဖူကိုပြန်ပေးသွားမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ ထပ်ပြီး မဟုတ်မှန် တာတွေပြောဆိုနေတဲ့ Lawrence Choi နဲ့ လှနုထွန်းတို့ကို အန်တီ့အနေနဲ့ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွား ပါမယ်။ သမီးကတော့ အသက်မပြည့်သေးတဲ့အတွက် သူဘာမှဆောင်ရွက်မှာ မဟုတ်ပါဘူး။ အန်တီ့ အနေ နဲ့တော့ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်။ သူတို့ပြောနေတဲ့ ခွဲစိတ်မှုနဲ့ပတ်သက် လို့ သက်သေရှိတယ်ဆိုရင်လည်း တင်ပြလိုက်ပါလို့ပဲပြောချင်တယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မေမြတ်နိုးသည် စက်တင်ဘာ ၂ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး နောက် Miss Asia Pacific World Organization အနေဖြင့် တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာ များအား အဖော်လုပ်ပေးရန်၊ ဧည့်ခံဖျော်ဖြေ ရန်၊ အတင်းအကျပ်စေခိုင်းမှုများရှိခြင်း၊ မိခင်ဖြစ်သူအား မြန်မာနိုင်ငံသို့ အတင်းပြန်စေပြီး မိမိတစ်ဦးတည်းသာနေခဲ့ရန် စေခိုင်းခြင်းများကြောင့် မြန်မာနိုင်ငံ သို့ပြန်လာရခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆိုထားသကဲ့သို့ ရင်သားခွဲစိတ်ပြုပြင်မှု ပြုလုပ်ထားသည်ဟုဆိုခြင်းမှာ လုံးဝမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ 

ယင်းအတွက် အဆိုပါအဖွဲ့အစည်းမှ တရားဝင်တောင်းပန်စာ ပေးပို့မှသာ သရဖူပြန်လည်ပေးအပ်သွား မည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက ဥပဒေကြောင်းအရ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားထား ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List