Friday, September 05, 2014

အာဖဂန်နစ္စတန်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၈ ဦး သေဆုံး



အာဖဂန်နစ္စတန်အလယ်ပိုင်းက ဂါဇနီမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကား ၂ စီးနဲ့ အသေခံဗုံး ဖောက်ခွဲမှုတွေကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရရှိသွားကြ ပါတယ်။ဂါဇနီ မြို့ထောက်လှမ်းရေးနဲ့ အာဖဂန်လျှပ်တပြတ်တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အာဖဂန် အာဏာပိုင် တွေက ဆိုပါတယ်။
အသေခံဗုံးဖောက်ခွဲရေးသမား ၁၉ ယောက်နဲ့ ၂ နေရာခွဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အာဖဂန် တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့တယ်။ အသေခံဗုန်းခွဲသူ အများစုကိုတော့ ပစ်သတ်လိုက်တယ်လို့ ဂါဇနီ မြိုရဲမှူးကြီး ခမ်းပါချာ က သတင်းထောက်တွေကို ပြောဆိုပါ တယ်။

ဒီတိုက်ခိုက်မှုဟာ အခုနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အာဖဂန် သမ္မတလောင်း ၂ ဦး နိုင်ငံရေးတင်းမာချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံခြားတပ်အများစုဟာ အခုနှစ်ကုန်မှာ ပြန်ရုပ်သိမ်းဖို့ ရှိပေမယ့် လက်ကျန်တပ် ဘယ်လောက်ဆက် ထားမလဲဆိုတာ အာဖဂန်ရွေးကောက်ပွဲကိစ္စ မပြီးပြတ်သေးတာကြောင့် အမေရိကန်နိုင်ငံနဲ့ အာဖဂန်အစိုးရ မဆွေးနွေးနိုင် သေးတာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List