Thursday, September 04, 2014

ယူကရိန်းသွေးစွန်းမှု အဆုံးသတ်ရေး ခြေလှမ်း ၇ ရပ် စီမံကိန်း ရုရှားသမ္မတ အဆိုပြု


ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသွေးစွန်းမှုအဆုံးသတ်ရေး ခြေလှမ်း ၇ ရပ် စီမံကိန်းကို ပြီးခဲ့ တဲ့ စက်တင်ဘာ ၃ ရက်နေ့က အဆိုပြုခဲ့ပါတယ်။ ယူကရိန်းသမ္မတ ပတ်ထရိုပိုရိုရှန်ကိုနဲ့ တယ်လီဖုန်း စကားပြောအပြီးမှာ ယူကရိန်းအကြမ်းဖက်မှုအပေါ် သူတို့အမြင်က သိပ်ကိုနီးစပ်တယ်။ ယူကရိန်းအစိုးရ နဲ့ သူပုန်တွေကြား သဘောတူညီချက်က လာမဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ရနိုင်တယ်လို့ သမ္မတ ပူတင် က ပြောပါတယ်။

အကျပ်အတည်းအတွက် ပြည့်စုံကျယ်ပြန့်တဲ့ အဖြေရတာ သေချာစေရေး ခြေလှမ်း ၇ ရပ် စီမံကိန်းကို မွန်ဂိုလီးယားနိုင်ငံကို အလည်အပတ်ခရီးစဉ်အတွင်း သမ္မတ ပူတင် က အကြမ်း ရေးသားခဲ့တာ ဖြစ်ပါ တယ်။

ခြေလှမ်း ၇ ရပ်ထဲမှာတော့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံတကာလေ့လာသူတွေ စောင့်ကြည့်ရေး၊ အရပ် ဘက်ဒေသတွေမှာ စစ်ရေးအသုံးပြုမှု ဖယ်ရှားရေးနဲ့ စစ်သုံ့ပန်း လဲလှယ်ရေး၊ စစ်ဒဏ်ခံဒေသတွေမှာ လူမှုရေးနဲ့ ဘဝပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စီစဉ်ပေးရေးတို့ ပါဝင်ပါတယ်။

ဒေသတွင်းနေထိုင်သူတွေရဲ့ အခွင့်အရးကို အပြည့်အဝ ထည့်သွင်းစဉ်းစား အကောင်အထည် ဖော်ဖို့ကို လဲ သမ္မတပူတင်က ပြောပါတယ်။

အနောက်နိုင်ငံတွေကတော့ ရုရှားဟာ ယူကရိန်းနိုင်ငံတွင်းက သူပုန်တွေကို လက်နက် တပ်ဆင် ပေးပြီး ရုရှားတပ်တွေကိုလည်း ယူကရိန်းနိုင်ငံအတွင်း စေလွှတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ရုရှားကတော့ စွပ်စွဲ ချက်တွေကို ငြင်းဆိုထားပါတယ်။

DVB

No comments:

Post a Comment

My Blog List