Thursday, September 04, 2014

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလုပ်ပေးရန် ဂျာမန်ဝန်ကြီးချုပ် မြန်မာသမ္မတကို တိုက်တွန်း



လာမည့် ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပေးရန်နှင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေ သည့် အခြားဘာသာဝင်များနှင့် ပဋိပက္ခများကို ထိန်းသိမ်းနိုင်မည်ဆိုပါက မြန်မာနိုင်ငံကို စီးပွားရေးထောက်ပံ့မှုများ ဆက်လက်ပြု လုပ်သွားမည်ဟု ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဂျာမနီ နိုင်ငံသို့ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်ကို ကမ်းလှမ်းလိုက် သည်ဟု အေအက်ဖ်ပီ သတင်းဌာ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြသည်။
''မြန်မာက ဘာသာရေး အစုအဖွဲ့ပေါင်းများစွာနဲ့ ပေါင်းစပ်ထားတဲ့နိုင်ငံဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ လိုအပ်တာအမှန်ပါပဲ။ ပြီးတော့ လူမျိုးစုများနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီဖို့ အတွက်လည်း တည်ငြိမ်အေးချမ်းမှု လိုအပ်ပါ တယ်''ဟု စက်တင်ဘာ ၃ ရက်က သမ္မတဦးသိန်းစိန်နှင့် ဖရန့်ဖတ်မြို့တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွား သည်။

မြန်မာနိုင်ငံကို ရင်းနှီးမြှပ်နှံမှုများလုပ် ရန်နှင့် ကူညီရန် ဂျာမနီနိုင်ငံက အသင့်ရှိ နေသော်လည်း နိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုအခြေအနေများကိုလည်း လေ့လာ စောင့်ကြည့်သွားမည်ဟု ဂျာမန် ၀န်ကြီးချုပ်က ဆိုသည်။ အလားတူပင် လာမည့် ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မျှော်လင့်နေပြီး ရွေးကောက်ပွဲအတွက် မြန်မာ အစိုးရ၏ ပြင်ဆင်မှုများကိုလည်း သေချာစွာ စောင့်ကြည့်သွားမည်ဟုဆိုသည်။

''ရွေးကောက်ပွဲက တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်''ဟု အိန်ဂျလာမာကယ်က ပြောသည်။ အလားတူပင် ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများနှင့် ဘာသာရေး ပဋိပက္ခများဖြစ်ပွားနေသော ဒေသများရှိ အသေးစားနှင့် အလတ်စားကုမ္ပဏီများအပေါ် ကူညီသွားရန် အာရုံစိုက်လျက်ရှိကြောင်း မာကယ်လ်က ပြောကြားခဲ့ သည်။

ဂျာမနီဝန်ကြီးချုပ်၏ မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်နှင့် ကမ်းလှမ်းမှု အပေါ် သမ္မတဦးသိန်းစိန်က တုံ့ပြန်ပြော ဆိုရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်မှာ သုံးနှစ်မျှသာရှိသေးပြီး ''အခက် အခဲတွေအများကြီး ရင်ဆိုင်နေရပါတယ်'' ဟု ဘာသာပြန်မှတစ်ဆင့် ပြောဆိုခဲ့သည်။

သို့သော် နိုင်ငံတွင်းဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဆန်သော ပဋိပက္ခများကို ရည်ညွှန်းလျက် ''သွေးထွက်သံယိုမှုများ မဖြစ်ပေါ်ဘဲ'' ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ကာကွယ်ပြောဆိုသွားခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများ၊ မဲဆန္ဒကောက်ယူကာ ဖွဲ့စည်းပုံပြင်ရန် အတိုက်အခံများ၏ ကြိုးစားမှုများနှင့်ပတ်သက်၍ သမ္မတက ပြောဆိုရာတွင် လွှတ်တော်နှင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိခဲ့ပါက ထောက်ခံ သွားမည်ဟု ပြောဆိုခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ချီးကျူးပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလ ၄ ရက်တွင် ဂျာမနီနိုင်ငံသမ္မတ ဂျိုအာ ချင်ဂေါက်နှင့် တွေ့မည်ဖြစ်သည်။ ဂျာမနီ သမ္မတ ဂျိုအာချင်ဂေါက်သည် ဖေဖော်ဝါရီ လ ၉ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ဖူးပြီး ဂျာမနီကို ပေးရန်ရှိ သည့် အကြွေး ယူရိုသန်းပေါင်း ၁ç ၀၈၄ သန်းကို ထက်ဝက်သာ မြန်မာက ပြန်ပေးရန် ဂျာမနီ-မြန်မာသဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံသို့ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးသွားရောက် ခဲ့သော မြန်မာသမ္မတလည်းဖြစ်သည်။

ကိုးကား-အေအက်ဖ်ပီ
Mizzima - News in Burmese

No comments:

Post a Comment

My Blog List