Wednesday, September 03, 2014

သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းမှ နေအိမ် ၂၃ လုံး ဖယ်ရှားရမည်


သရေ ခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ လယ်ယာမြေများပေါ်၌ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၂၃ လုံးအား တရားမဝင်နေထိုင်ခြင်းဖြစ်သဖြင့် ဖယ်ရှားပေးရန် ပြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က အကြောင်း ကြားစာပေးပို့လိုက်ကြောင်း သိရသည်။

''ပြည်မြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူးတစ် ယောက်အနေနဲ့ ဥပဒေအရလုပ် ဆောင်တာပါ။ နေရာပြန်လည်ချထားရေး အပိုင်းကတော့ ကျွန်တော်တို့နဲ့မဆိုင် ပါဘူး''ဟု ပြည်မြို့နယ် မြေစာရင်း ဦးစီးမှူးဦးဇော်ဝင်းက ပြောသည်။

အဆိုပါ ဖယ်ရှားခိုင်းသည့်စာ ကို သြဂုတ် ၂၃ရက်က ပထမဆုံး အကြိမ်အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားပေးခြင်း မရှိပါက ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ထိ ရောက်ပြင်းထန်စွာ တရားစွဲအရေး ယူသွားမည်ဖြစ်ကြောင်း ပြည်မြို့ နယ်မြေစာရင်းဦးစီးမှူးလက်မှတ်ရေး ထိုးပေးပို့လိုက်သည့် အဆိုပါအ ကြောင်းကြားစာ၌ ဖော်ပြထားသည်။

''မဖြစ်မနေဖယ်ရတော့မယ်ဆိုရင် ကျွန်မတို့ကို နေစရာနေရာ ပြန်ပေးပါ။ အဲလိုမှမဟုတ်ရင် ကျွန်မ တို့မှာ နေစရာနေရာမရှိတော့ ဖယ် ပေးဖို့ကမလွယ်ဘူး'' ဟု နေအိမ် ဖယ်ရှားရန် အကြောင်းကြားစာပေး ခံရသူ ဒေါ်ခင်ဖြူက ပြောသည်။

ရှေးဟောင်းဇုန်အတွင်း မြေတူး ခြင်း၊ မြင်ကွင်းကို ဖုံးကွယ်စေမည့် သစ်ပင်မြင့်များ စိုက်ပျိုးခြင်း၊ အထပ် မြင့်အဆောက်အအုံများ ဆောက် လုပ်ခြင်း၊ ရှေးဟောင်းဇုန်ကို ထိခိုက် စေမည့်လုပ်ငန်းများ လုပ်ကိုင် ခြင်း၊ နေအိမ်တိုးချဲ့ဆောက်လုပ်ခြင်းများ နှင့်ပတ်သက်၍ လိုက်နာရမည့်စည်း ကမ်းချက်များကို ယဉ်ကျေး မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

''ကျွန်တော်ဆန္ဒကတော့ မူလ ရှိနေတဲ့ အိမ်တွေကို မရွှေ့ပြောင်း ဘဲနဲ့ နောက်ထပ်တိုးလာမယ့် အိမ် တွေကို စနစ်တကျ မှန်မှန်ကန်ကန် တားဆီးပြီးတော့ စည်းကမ်းကို သတ် မှတ်စေချင်တယ်။ သူတို့က လယ် ထဲမှာ ဆောက်နေတယ်ဆိုပေမယ့် ပိုက်ဆံပေးဝယ်ထားရတာ။ အဲလိုဆို တော့ သူတို့မှာလဲ အခက်အခဲက အရမ်းဖြစ်တယ်။ မရှိလို့မှ ဈေးချိုတဲ့ လယ်ထဲမှာဝယ်ပြီး နေရတာ။ အခု ဖယ်ရမယ်ဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး''ဟု ဖယ်ရှားခိုင်းသည့် နေအိမ် ၂၃လုံးတည်ရှိရာ ရွှေတံခါး ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်ဦး က ပြောသည်။

ပျူမြို့ဟောင်းသုံးမြို့တွင်ပါဝင် သော သရေခေတ္တရာရှေးဟောင်းဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်လိုက်ပြီးနောက် ထိုဒေသအတွင်းရှိ ဒေသခံများ လက် ရှိနေထိုင်နေသည့် နေအိမ်များကို ရွှေ့ပြောင်းခိုင်းမည်မဟုတ်ဘဲ အသစ် တိုးချဲ့ဆောက်လုပ်လာနိုင်သော အဆောက်အအုံများကိုသာဥပဒေ အရ အကန့်အသတ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဇူလိုင်၅ ရက်က ဒေသခံများနှင့် တွေ့ဆုံရာ၌ ပြော ကြားခဲ့သည်။

''လက်ရှိနေထိုင်နေတဲ့ ကျေးရွာနေအိမ်တွေကို ဘယ်ကိုမှလဲ မရွှေ့ခိုင်းဘူး။ အခြားစီမံကိန်းကြီး တွေလိုလဲ လယ်ယာမြေသိမ်းဆည်းမှု ဘာတစ်ခုမှမလုပ်ပါဘူး။ မိသားစုတွေများလာလို့ အဖီလေး ဆွဲမလား ရတယ်။ ဒါပေမဲ့ဘာလေးပဲလုပ်လုပ်စည်ပင်တို့၊ မြေစာရင်းတို့မှာခွင့် ပြုချက်ယူရသလို ကျွန်မတို့ဌာနကိုလဲ လာ အကြောင်းကြားပါ။ လိုက်ကြည့်ပေးပါ့မယ်။ဥပဒေစည်းကမ်းချက် တွေအရ ခွင့်ပြုနိုင်တဲ့ပုံစံနေရာတွေ အတိုင်း ခွင့်ပြုပေးမှာပါ'' ဟု ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

THL (Myimakha)
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List