Thursday, September 04, 2014

လယ်ယာမြေအဓမ္မသိမ်းဆည်းခံနေရမှုပြဿနာများကို တရားနည်းလမ်းတကျ အမြန်ဆုံးဖြေရှင်းပေးရန် စက်တင်ဘာ ၅ ရက်တွင် တောင်သူအမျိုးသမီးများ ဆန္ဒထုတ်ဖော်မည်


တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က လယ်မြေများထဲသို့ဝင်ရောက်၍ မြေယာတိုင်းတာခဲ့သော အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများကို တားဆီးနှောင့်ယှက်သည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ရသည့် တောင်သူ ၁၀ ဦး၏မိသားစုဝင်များက လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံနေရမှုပြဿနာ များအား တရားနည်းလမ်းတကျ အမြန်ဆုံးဖြေရှင်းပေးရန် အတွက် စက်တင်ဘာ ၅ ရက်တွင် တောင်းဆိုဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုကို လယ်သမားမိသားစုဝင် အမျိုးသမီး ၃၀ ခန့်က ပြုလုပ်မည်ဖြစ်ပြီး ဆန္ဒပြခွင့်ပြုရန် ထားဝယ်မြို့နယ်ရဲစခန်းသို့ သြဂုတ် ၂၉ ရက်က စာရေးသားပေးပို့ အကြောင်းကြားထားခဲ့ကာ ယနေ့ အချိန်ထိ တစ်စုံတစ်ရာအကြောင်းပြန်ကြား လာခြင်းမရှိသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည့် အချိန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

"သြဂုတ် ၂၉ ရက်က မြို့နယ်ရဲစခန်းကို စာပေးပို့အကြောင်းကြားခဲ့တယ်။ အရင်ကဆို စာပို့ပြီး သုံးရက် လောက်အတွင်းအကြောင်းပြန်ပေမယ့် အခုအကြိမ်မှာတော့ ဒီနေ့အထိအကြောင်းမပြန်လာသေးဘူး။ သူတို့ဆီက ခွင့်ပြုချက်ပေးမှ ဆန္ဒပြမှာပါ။ အခုလိုအကြောင်းမပြန်ဘူးဆိုတော့ ခွင့်ပြုတယ်လို့ယူဆတဲ့ အတွက် စီစဉ်ထားတဲ့ အတိုင်း ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။ 

အမျိုးသမီးတွေချည်းဆန္ဒထုတ်ဖော်ဖို့လုပ်ရတာက လယ်သမားမိသားစုထဲက ယောက်ျားတွေအားလုံး ထောင်ထဲရောက်နေတာမို့ ကျန်တဲ့လယ်သမားမိန်းမတွေ အားလုံး ဆန္ဒပြဖို့လုပ်ခဲ့တာပါ။ သူတို့ထောင် ကျနေပေမယ့် ကျန်ခဲ့တဲ့မိသားစုဝင်တွေ ကတော့ လယ်ယာမြေပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေဦး မှာပါပဲ" ဟု ဆန္ဒထုတ်ဖော်ရန်ခွင့်ပြုချက်တင်ခဲ့သည့် လယ်သမားတစ်ဦးဖြစ်သူ ဒေါ်ရီရီထွေးက ပြောကြား ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီတွင် ထားဝယ်မြို့ရှိ ကူးတို့ဆိပ်ဟောင်းလမ်းနေ အိမ်မှ စတင်မည်ဖြစ်ပြီး ထားဝယ်မြို့တွင်းသို့ဝင်ရောက် ကာ ချီတက်ကြမည်ဖြစ်ပြီး တောင်သူအမျိုး သမီးလယ်သမားများအင်အား ၃၀ ခန့် ပါဝင်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း မတရားဖမ်းဆီးခံ လယ်သမားများအား ပြန်လွှတ်ပေးရေးတရားဥပဒေ စိုးမိုးရေး၊ လယ်ယာ
မြေအဓမ္မသိမ်းဆည်းမှု ရပ်တန့်ရေး စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကာ မတရား သိမ်းယူပြီး လယ်မြေပေါ်တွင် စီမံကိန်းအကောင် အထည်ဖော်မှု ချက်ချင်းရပ်၊ နိုင်ငံတော်ကပြဋ္ဌာန်း ထားသော မြေယာဥပဒေကို လေးစားလိုက်နာပါ စသောပိုစတာများကို ကိုင်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List