အမေရိကန် နယူးယောက်မြို့အပါအ၀င် အမေရိကန်မြို့ကြီး ၁၅၀ မှာ Fast-food ဆိုင် အလုပ်သမားတွေ ၁ နာရီလုပ်ခ တနာရီ ၁၅ ဒေါ်လာတိုးပေးရေး စက်တင်ဘာလ ၄ ရက်နေ့က ဆက်လက်ဆန္ဒပြခဲ့ကြ ပါတယ်။ Fast-food ဆိုင်ကြီးတွေဖြစ်တဲ့ မက်ဒေါနယ်၊ ဘာဂါကင်း၊ မ၀်ဒီ၊ ကေအက်ဖ်စီက အလုပ်သမား
တွေ ပါဝင်ကြပြီး ဒီလိုအလုပ်သမားတွေရဲ့ အကြီးဆုံးဆန္ဒပြပွဲတွေလို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ၀န်ဆောင်မှုအလုပ်သမားများသမဂ္ဂနဲ့ ဒေသခံတက်ကြွလှုပ် ရှားသူတွေက ဒီဆန္ဒပြ ပွဲတွေကို ထောက်ခံအားပေးနေကြပြီး အခုလို Fast-food ဆိုင်အလုပ်သမားတွေ နေ့စားခ နည်းပါး တာကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လက်ရှိနေ့စားခက ပျမ်းမျှ ၁၁ ဒေါ်လာဖြစ်ပါတယ်။ ဒီ Fast-food ဆိုင်တွေ စီးပွားဖြစ်နေကြတာကြောင့် တနာရီ ၁၅ ဒေါ်လာတိုးပေးလည်း ပြဿနာမရှိနိုင်ဘူးလို့ ဆိုပေမယ့် ဆိုင်ပိုင်ရှင်တွေကတော့ တနာရီ ၁၅ ဒေါ်လာတိုးပေးရင် အမြတ် မထွက်နိုင်တော့ဘူးလို့ ဆိုကြပါတယ်။
၂၀၁၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အခုလို လခ၊ နေ့စားခတိုးပေးဖို့ ဆန္ဒပြပွဲတွေ ပုံမှန်လိုဖြစ်နေ တယ်လို့လည်း သိရပါတယ်။
DVB
No comments:
Post a Comment