Thursday, September 04, 2014

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပွားမည်ကို အမေရိကန် စိုးရိမ်



လစ်ဗျား လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ်အများအပြားကို သူပုန်များက သိမ်းယူသွား သောကြောင့် အဆိုပါ လေယာဉ်များကို အသုံးပြုကာ ယခုစက်တင်ဘာလအတွင်း ၁၃ နှစ်ပြည့်မည့် ၉/၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပေါ်မည်ကို အမေရိကန်အရာရှိများက စိုးရိမ်နေကြ ကြောင်း Washington Free Beacon သတင်းတွင် စက်တင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။

ယင်းလေယာဉ်များကို လစ်ဗျားနိုင်ငံပိုင် လေကြောင်းလိုင်းနှစ်ခုက ပိုင်ဆိုင်ပြီး လေယာဉ်များအား အစိုးရ က လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့သည်။

လစ်ဗျားသူပုန်များက ထရီပိုလီမြို့အဓိက လေဆိပ်မှ လေယာဉ်များကို သိမ်းဆည်းလိုက် ကြောင်းကြေညာ ချက်ထွက်ပေါ်လာအပြီးတွင် အမေရိ ကန်အရာရှိများက ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ကြေညာချက်ကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက အတည် မပြု သေးပေ။

ယင်းလေယာဉ်များကို အသုံးပြုပြီး မြောက်အာဖရိတိုက်တွင် အသေခံတိုက်ခိုက်မှုများ ဖြစ်ပေါ်လာ မည်ကို ထောက်လှမ်းရေးအဖွဲ့များက စိုးရိမ်လျက်ရှိသည်။

လစ်ဗျားနိုင်ငံတွင် အစ္စလာမ္မစ်များနှင့် အစ္စလာမ္မစ်ဆန့်ကျင်ရေး ပြည်သူ့စစ်များအကြား တိုက်ပွဲများ ဖြစ် ပွားနေခြင်းဖြစ်သည်။

ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထရီပိုလီလေဆိပ်ရှိ လေယာဉ်ခုနစ်စင်းထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အစ္စလာမ္မစ်အုပ်စု Libyan Dawn မှ သူပုန်များက ထရီပိုလီမြို့ရှိ အမေရိကန် သံတမန်ဝန်းတစ်ခုအား ၀င်ရောက်စီးနင်းသိမ်းပိုက်ထားသည့် ဗီဒီယိုအား သြဂုတ် ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

Ref:Fox News
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List