Thursday, September 04, 2014

ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား


ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ် ကြောင်း ထုတ်ဖော် ပြောကြားထားသည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ်တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ပုံအရ အဆိုပါ IS အဖွဲ့ဝင်သည် တရုတ်နိုင်ငံသားဖြစ် ကြောင်း အတည်ပြုနိုင်ပါက ယင်းအဖွဲ့တွင် တရုတ်နိုင်ငံသားတစ်ဦး ပထမဆုံးပေါ်ထွက်လာခြင်း ဖြစ်သည်။

ဖမ်းမိထားသူ၏ ဘယ်ဘက်လက်မောင်းတွင်လည်း IS အဖွဲ့အမှတ်အသား ဆေးမင်ကြောင်ကိုလည်း ရေးထိုးထားသည်။

ယင်းသတင်းနှင့်ပတ်သက်၍ အီရတ်ရှိ တရုတ်သံရုံးက ငြင်းဆိုထားပြီး အဆိုပါဖြစ် စဉ်နှင့်ပတ်သက်၍ South China Morning Post သတင်းစာ က တွေ့ဆုံမေးမြန်း ခန်းတစ်ခုကို ပြုလုပ်ရန် တရုတ်နှင့် အီရတ်အစိုးရများထံ ဆက်သွယ်ထားသော်လည်း အကြောင်းမပြန်သေးကြောင်း သိရ သည်။

Like လုပ်ထားသူ ၉၄၀၀၀ ကျော်ရှိသော အဆိုပါ ဖေ့စ်ဘွတ်သည် ကာကွယ်ရေးဝန်ကြီးဌာ၏ တရားဝင်ဖေ့စ်ဘွတ်ဟုတ်၊မဟုတ်ကို ရှင်းလင်းစွာ သိရှိရန် လိုအပ်နေသေးသည်။ အဆိုပါဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည့် အခြားဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် မူ စစ်သွေးကြွ ပုံများကို ဖော်ပြမထားပေ။

အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တရုတ်သံတမန် ၀ူဆီကေးက နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှ မွတ်စလင်အစွန်းရောက်များသည် အရှေ့ အလယ်ပိုင်းဒေသသို့ သွားရောက်ရာ သင်တန်းတက်နေကြ ပြီး အချို့သည် တိုက်ခိုက်ရေးအတွက် အီရတ်နိုင်ငံအတွင်း ၀င်ရောက် သွားကြကြောင်း သြဂုတ်လအ တွင်းက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အခြားနိုင်ငံများမှ အစွန်းရောက်များအတွက် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်နေကြောင်း ၀ူဆီကေးက ပြောကြားခဲ့သည်။

“အစွန်းရောက်သမားတွေဟာ အစ္စလာမ္မစ်နိုင်ငံတွေ၊ ဥရောပ၊ မြောက်အမေရိကနဲ့ တရုတ်နိုင်ငံတို့က လာတာပါ။ သူတို့ခေါင်းထဲကို အစွန်းရောက် အတွေးအခေါ်တွေ ထပ်ထည့်ခံရပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးကို ပြန်ရောက်တဲ့အခါ အဲဒီနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ၊ သင်တန်းတက်မှုများ လုပ်ဆောင်နေသည့် တရုတ်နိုင် ငံသားအရေအတွက်ကို ၎င်းက မဖော်ပြ ခဲ့သော်လည်း မီဒီယာ သတင်းများတွင် ရေးသားထားမှုများအရ ၁၀၀ ခန့်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List