Monday, September 01, 2014

သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် သက်ဆိုင်ရာ ဌာနများမှကူညီပေးသင့်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော


၂ဝ၁၄ ခုနှစ်အ တွင်း၌ သတင်းမီဒီယာများအား ဖမ်းဆီး ထောင်ချ အရေးယူမှုများ ဖြစ်ပေါ်လျက်ရှိ သောကြောင့် သတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူ ရေးသားနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာန များမှ ဝိုင်းဝန်းကူညီပေးသင့်ကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။

သြဂုတ် ၂၈ ရက်က ကျောက်တံတားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ပြုလုပ်ခဲ့သော ဗဟို လွှတ်တော်ရေးရာ ကော်မတီ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) သတင်းမီဒီယာ လွတ်လပ်ခွင့်ဥပဒေနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးပွဲတွင် ယင်းက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ တိုင်းပြည်မှာ အခု ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ် ရေး အသွင်ကူးပြောင်းနေချိန်မှာ သတင်းသ မားတွေဟာ ဖမ်းဆီးအရေးယူခံနေရတယ်။ သတင်းသမားတွေဟာ နိုင်ငံရဲ့ အရေးကြီး တဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ သတင်းမီဒီယာတွေကို လွတ်လပ်စွာသတင်း ရယူခြင်းနဲ့ လွတ်လပ်စွာ သတင်းရေးသား နိုင်ဖို့အတွက် လိုအပ်တဲ့အကူအညီကို ဝိုင်း ဝန်းကူညီ ပေးစေချင်ပါတယ်။ လွတ်လပ်စွာ ဆိုပေမယ့်လဲ မှန်ကန်ဖို့တော့ သတင်းသမားတွေဘက်က လိုအပ်ပါတယ်''ဟု ယင်း ကပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဆရာဖေမြင့်ကလည်း မီဒီယာသမားများကို ဖမ်းဆီး အရေးယူနေ သော ဥပဒေပုဒ်မများကို ပြင်ဆင်ရေးဆွဲ ခြင်း၊ သတင်း လွတ်လပ်စွာ ရေးသားဖော် ထုတ်ခွင့်ရှိရေးများကို ဆွေးနွေးခဲ့သလို ဆရာ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဦးကျော် မင်းဆွေ၊ ဦးဇော်သက်ထွေး၊ ပဲ့တင်သံဂျာ နယ် အယ်ဒီတာကိုဟန်ဇော်၊ြြဲ အဖွဲ့ ဝင် ဦးမြင့်သိန်း၊ မရွှေမှုံတို့ကလည်း အသီး သီး ပါဝင်ဆွေးနွေးခဲ့သည်။

''သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ရေးသား ထုတ်ဖော်ခွင့်ပေးဖို့အတွက် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ နာယက ဦးရွှေမန်းတို့ တွေ့ဆုံခဲ့တယ်။ ဒီအချက်တွေကို သူတို့ကလဲ သဘောတူတယ်။ အဓိက သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတဲ့ ဥပဒေကိုလဲ ပြင်ဆင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ)အဖွဲ့ဝင် ဆရာဖေမြင့် ကပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List