Monday, September 01, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စက်တင်ဘာ ဒုတိယအပတ်တွင် အမေရိကန်တရားရုံး၌ တရားစွဲမည်


အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကန်ဒေါ်လာ သန်း ၁၈ဝ လျော်ကြေးရလိုမှုဖြင့် လာမည့်စက်တင်ဘာလ ဒုတိယအပတ်တွင် အမေရိကန်ရှိ တရားရုံးတစ်ခု၌ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို သတိပေးစာ နှစ်ကြိမ်ပို့ပြီးဖြစ်တယ်။ ခိုင်လုံတဲ့ အဖြေပြန်လည် ဖြေဆို ခြင်းမရှိတဲ့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း တရားစွဲဆိုတော့မှာဖြစ်ပါတယ်''ဟု I.I.WS ဌာ နေကိုယ်စား လှယ်၏ အကြံပေးရှေ့နေ တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က အ မေရိကန် အခြေစိုက်ဆက်သွယ်ရေး ကုမ္ပ ဏီတစ်ခုဖြစ်သည့် I.I.WS နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ နှစ်ဦးသဘော တူ ချုပ်ဆိုခဲ့သော TT Project အမည်ရှိ မြန်မာ့ဆက် သွယ်ရေး ပရောဂျက်လုပ် ငန်းတစ်ခုအား မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အကြောင်းပြချက်မရှိ ဖျောက်ဖျက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ I.I.WS မှ ဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမြတ်နုခိုင်က ပြောသည်။

အဆိုပါ အကြောင်းမဲ့ စာချုပ် ဖျက်သိမ်းခဲ့သည့်အတွက် နစ်နာကြေး အ မေရိကန်ဒေါ်လာ သန်း ၁၈ဝ ပေးဆောင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ မေလတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် အသိပေးအကြောင်း စာပေးပို့ခဲ့သော်လည်း တိကျခိုင်လုံသောပြန်လည်ဖြေကြား မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာ နှင့်ပတ်သက်၍ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပြုလုပ်ခဲ့သော ပရောဂျက်တစ်ခုဖြစ် သည့်အတွက် ပြန်လည်စစ်ဆေးနေဆဲ သာဖြစ်ပြီး စာချုပ်အား ပြန်လည်ရှာဖွေစစ် ဆေးရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်း စောလင်းထွန်းက ပြန်လည်ပြောကြားထား ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးမှုရှိစေရန် စာချုပ်ဖောက်ဖျက်ပါက တရားစွဲဆိုခွင့်ရှိသော သုံးနိုင်ငံအနက် အမေရိကန် တရားရုံးကို ရွေးချယ်ရခြင်းဖြစ်ကာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ရင်ဆိုင်ဖြေ ရှင်းပေးခြင်း မရှိပါက မြန်မာနိုင်ငံအား Satellite ဆန်ရှင် ပိတ်သိမ်းမှုပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး အဖွဲ့ ITU သို့ ဖိအားပေး တောင်းဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဆက် သွယ်ရေးကုမ္ပဏီ I.I.WS မှ ထုတ်ပြန် ချက်များအရ သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List