Friday, September 05, 2014

အစိုးရဆန့်ကျင်ရေး လှုံ့ဆော်သူ မလေးရှားကျောင်းသား ထောင် ၁၀ လ ချမှတ်ခံရ


အစိုးရဆန့်ကျင်ရေးလှုံ့ဆော်သူ ကျောင်းသားတစ်ဦးကို မလေးရှားတရားရုံးက စက်တင်ဘာ ၅ ရက်တွင် ထောင်ဒဏ် ၁၀ လချမှတ်လိုက်ကြောင်း သိရသည်။ မလေးရှားအစိုးရက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်အား ဖိနှိပ်ထားသည့် ကိုလိုနီခေတ်ဥပဒေအား ပြင်ဆင်ရန် ကတိပြု ထားသော်လည်း အဆိုပါ ဥပဒေ ဖြင့် အစိုးရအား ဝေဖန်သူများကို အပြစ်ပေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

အစိုးရအပေါ် အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ကျောင်းသားမှာ မလေးရှားကျောင်းသားများ ညီညွတ်ရေးအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် ဆတ်ဖ်ဝမ်အာနန်ဖြစ်ပြီး စက်တင်ဘာ ၃ ရက်က တက္ကသိုလ် တစ်ခုမှ ကထိကတစ်ဦး၊ လွန်ခဲ့သည့် နှစ်ပတ်ခန့်က အတိုက်အခံလွှတ်တော်အမတ်သုံးဦးတို့ကို တရားစွဲ ဆိုမှုများ ပြုလုပ်ထားသည်။

အစိုးရအား ဝေဖန်မှုအပေါ် တားမြစ်ထားသည့် ဥပဒေအား ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းမည်ဟု ၀န်ကြီး ချုပ်နာဂျစ်ရာဇက်က ကတိပြုခဲ့သော်လည်း အစိုးရအနေဖြင့် အဆိုပါဥပဒေကို အသုံးပြုနေ ဆဲဖြစ် ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားထားသည်။

ယမန်နှစ် မေလအတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လိမ်လည်မှုများ ရှိခဲ့သောကြောင့် အစိုးရ အား ဖြုတ်ကျရန် လှုံ့ဆော် မှုဖြင့် ဆတ်ဖ်ဝမ်အား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှု၏ အမြင့်ဆုံးပြစ်ဒဏ် မှာ ထောင်ဒဏ် သုံးနှစ်အထိဖြစ်သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List