Wednesday, September 03, 2014

ပုဂ္ဂလိက လေကြောင်းလိုင်းဖြင့် စီးကရက်မှောင်ခိုသယ်သူ ဖမ်းမိ


စက်တင်ဘာ ၂ ရက်နေ့ညနေက ရှမ်းပြည်နယ် ကျိုင်းတုံ-တာချီလိတ်-ရန်ကုန် ပျံသန်းလာတဲ့ အဲကမ္ဘောဇ လေယာဉ် ရန်ကုန်လေဆိပ်ကိုအရောက် တရားမ၀င် မှောင်ခို ခိုးသွင်းလာတဲ့ နိုင်ငံခြားဖြစ် စီးကရက် ကျပ် ၇၅ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ လေဆိပ်မှာ စစ်ဆေးနေတဲ့ မိုဘိုင်းတင်းမ် မှောင်ခိုနှိမ် နင်းရေးအဖွဲ့ ၀င်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲကမ္ဘောဇလေကြောင်းခရီးစဉ် XY-AJJ ပေါ်မှာ ကုန်သည် ဦးလှဆွေ ဆိုသူ တင်ဆောင်လာတာဖြစ်ပြီး ဒီဖမ်းဆီးရမိမှုကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

တရားမ၀င် မှောင်ခို ကုန်ပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ မိုဘိုင်းတင်းမ် ဟာ မြ၀တီ- ရန်ကုန်၊ မူဆယ်-မန္တလေး လမ်းကြောင်းတွေတင်မက ခုအခါ ရန်ကုန်လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း အနားမှာလည်း မှောင်ခိုကုန်ပစ္စည်းတွေကို စစ်ဆေးဖမ်းဆီးနေပါတယ်။

DVB

No comments:

Post a Comment

My Blog List