Thursday, September 04, 2014

အီဘိုလာမဟုတ်ဟု သိပြီးနောက် သံသယရှိသူများကို ဆေးရုံမှဆင်းခွင့်ပြု



ဝေဘာဂီကူးစက်ဆေးရုံ ၌ စစ်ဆေးကုသနေသော အီဘိုလာရောဂါ သံသယလူနာအပါအ ၀င် ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သူ လေးဦးတို့တွင် အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရ ၍ စက်တင်ဘာ ၃ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။
‘‘လူနာတွေက ကျန်းမာရေး အခြေအနေ ကောင်းနေပါပြီ။ သွေးစစ်ဆေးတဲ့အဖြေပဲ စောင့် နေတာပါ။ အဖြေလည်း မဟုတ် မှန်းသိရတော့ ဆေးရုံက ဆင်းခွင့် ပြုလိုက်တာပါ။ ဒီနေ့မနက်ပဲ ဆင်းခွင့်ပြုလိုက်ပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန(နေပြည် တော်) မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၃ ရက် နံနက်တွင် ပြောသည်။

အီဘိုလာရောဂါ သံသယရှိ သူ၏ သွေးနမူနာကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအဖြေအရ ကူးစက်မြန် အီဘိုလာရောဂါပိုးမရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အီဘိုလာသံသယရှိသူ၏ သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဓာတ်ခွဲမှုဌာနရှိရာ အိန္ဒိယနိုင်ငံ၊ ပူနေးမြို့သို့ ပေးပို့ ရန် စီစဉ်ခဲ့သော်လည်း အခက်အ ခဲများရှိနေ၍ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းသို့ သြဂုတ် ၂၅ ရက်က ပြောင်းလဲ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၉ ရက်တွင် အာဖရိကနိုင်ငံများ၌ အလုပ်လုပ် ကိုင်ရာမှ ပြန်လာသော မြန်မာငါး ဦးအနက် အသက်(၂၂) နှစ်အ ရွယ်တစ်ဦး ကိုယ်အပူချိန် မြင့် တက်နေ၍ အီဘိုလာရောဂါ ရှိ၊ မရှိ စစ်ဆေးရန် ဝေဘာဂီကူးစက် ဆေးရုံ၌ စစ်ဆေးကုသနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးကုသမှု ခံယူ နေသော အီဘိုလာရောဂါ သံသ ယရှိ လူနာသည် ရန်ကုန်မြို့ ပြည် သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဓာတ်ခွဲခန်းအဖြေအရ မည် သည့်ရောဂါမှ မတွေ့ရှိဘဲ ငှက် ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ် ဖတ်စီပရမ်နှင့် ပလတ်စမိုဒီယမ် ဗိုင်းဘတ်ရောဂါ ပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List