Tuesday, September 02, 2014

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွင် တရားသူကြီးအား လာဘ်ထိုးခဲ့သည့် အင်ဒိုနီးရှား ပြည်နယ်အုပ်ချုပ်ရေးမှူး ထောင်ဒဏ် လေးနှစ် ချမှတ်ခံရ


အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရသူ အမျိုးသမီးသည် ရွေး ကောက် ပွဲဆိုင်ရာ အငြင်းပွားမှုတွင် တရားသူကြီးတစ်ဦးအား လာဘ်ထိုးခဲ့မှုဖြင့် စက်တင်ဘာ ၁ ရက်က ထောင် ဒဏ် လေးနှစ်ချမှတ်ခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တရားသူကြီးဟောင်း အကီမိုချတာအား လာဘ်ထိုးခဲ့မှုဖြင့် အုပ်ချုပ်ရေးမှူး ရာတူ အာတွန်ချိုဆီယာသည် ယမန်နှစ်ကပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဂျာဗားကျွန်း ဘန်တန်းပြည်နယ်မှ ချမ်းသာကြွယ်ဝသော အာတွန်ချိုဆီယာတို့ မိသားစုသည် အဆိုပါ ဒေသရှိ ခရိုင် ရှစ်ခုအနက် ငါးခုတွင် သြဇာလွှမ်းမိုး ထားနိုင်သည်။

ဘန်တန်းပြည်နယ် ရွေးကောက်ပွဲတစ်ခုတွင် သူမနှင့်မဲအရေအတွက် များစွာ မကွာသော ပြိုင်ဘက် များထံမှ မဲများကို လိမ်လည်ပေးရန် အသက် ၅၂ နှစ်ရွယ် အာတွန်ချိုဆီယာက တရားသူကြီး မိုချတာအား အင်ဒိုနီး ရှားရူပီး တစ်ဘီလျံ (အမေရိကန်ဒေါ်လာ ၈၅၀၀၀) လာဘ်ထိုးခဲ့ကြောင်း ဂျကာ တာမြို့ရှိ အကျင့်ဖျက်ခြစားမှု တိုက်ဖျက်ရေး အထူးတရားရုံးမှ တရားသူကြီးများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရရှေ့နေများက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ယခုကဲ့သို့ လေးနှစ်အထိသာ လျော့ပေါ့ ချမှတ်ခဲ့ ရပြီး ငွေဒဏ် ရူပီး သန်း ၂၀၀ ကိုလည်း ပေးဆောင်ရမည်ဖြစ် သည်။

တရားသူကြီး မိုချတာအား ဘန်တန်းပြည်နယ်ရွေးကောက်ပွဲ အငြင်းပွဲမှုတွင် လုပ်ပိုင်ခွင့် အာဏာသုံး ရန် လာဘ်ထိုးရာတွင် ပါဝင်မှုဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူးအမျိုးသမီး၏ မောင်ဖြစ်သူကိုလည်း ဇွန်လ အတွင်းက ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။

တရားသူကြီး မိုချတာကိုလည်း ယခုအမှုအပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများတွင် ဒေါ်လာ ငါးသန်းကျော် လာဘ်စားမှုများဖြင့် ဇွန်လ အတွင်းက ထောင်ဒဏ် တစ်သက် ချမှတ်လိုက်သည်။

Transparency International အဖွဲ့၏ ၂၀၁၃ ခုနှစ် ထုတ်ပြန်ချက်အရ အကျင့် ပျက်ခြစားမှု အများဆုံးဖြစ် ပွားသည့် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၁၄ ဆင့်တွင် ရှိကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List