Monday, September 01, 2014

မြန်မာအစိုးရက ရိုဟင်ဂျာများကို ပြန်ခေါ်မည်ဟု ဘင်္ဂလားဒေ့ရှ်သတင်း ၀က်ဘ်ဆိုက်တွင် ဖော်ပြ


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ Cox’s Bazar ခရိုင်မှ ရိုဟင်ဂျာများအချို့ကို မြန်မာအစိုးရက လာမည့် နှစ်လအတွင်း ပြန်လည်ခေါ်ယူသွားမည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းဝက်ဘ်ဆိုက် The Hindu တွင် သြဂုတ် ၃၁ ရက်က ဖော်ပြခဲ့သည်။

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ရှာဟီဒူဟာကီ တို့ သြဂုတ် ၃၁ ရက် ပြုလပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ယခုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ် ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံသားများအဖြစ် စိစစ်အတည်ပြုပြီးသူ ၂၄၁၅ ဦးကို ပထမ အဆင့်အ နေဖြင့် မြန်မာအစိုးရက ပြန်လည်ခေါ်ယူသွားရန် ရှိကြောင်း ၀န်ကြီးဟာကီက မီဒီယာများကို ပြောကြား သည်။

Cox’s Bazar ရှိ စခန်းနှစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၃၂၀၀၀ အထိ
ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောကြားထားသည်။ အဆိုပါ ဒုက္ခ သည်စခန်းများအပြင် မြန်မာနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော ဒေသများ
တွင် တရားဝင်အထောက်အထားမရှိနေထိုင်သည့် ရိုဟင်ဂျာ ဒုက္ခသည် ပေါင်း သုံးသိန်းမျ ငါးသိန်းအထိ ရှိနေကြောင်း သိရသည်။

Ref: The Hindu
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List