Wednesday, September 03, 2014

ကူးစက်ရောဂါများနှင့် ပတ်သက်သောသတင်းများကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်တွင် တက်ရောက်ကြည့်ရှုနိုင်


မြန်မာ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိ သော ကူးစက်ရောဂါများနှင့် ပတ်သက်သောသတင်းများကို ဗဟိုကူး စက်ရောဂါ တိုက်ဖျက်ရေးဌာန၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်တွင် သြဂုတ်လ ၆ ရက်နေ့မှ စတင်၍ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်တွင် လတ်တလော မြန်မာ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အီဘို လာရောဂါဖြစ်ပွားမှု အခြေအနေများကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကာ www.cdc.gov.com နှင့် www.facebook.com/myanmar cdc.com သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရ သည်။

''ဌာနကနေ လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်မှာ အီဘိုလာနဲ့ပတ် သက်တဲ့အကြောင်းအ ရာတွေအပြင် အခြားကူးစက်ရောဂါ တွေနဲ့ ပတ်သက်တာတွေကိုလဲ လွှင့်တင်ထားပါတယ်။ ဗဟိုကူး စက်ရောဂါဌာနရဲ့ လုပ်ဆောင်ချက်တွေအားလုံးကိုလဲ လွှင့်တင်ထားပါတယ်။မြန် မာနိုင်ငံ တစ်ဝန်းဖြစ် ပွားနေတဲ့ ကူးစက်ရောဂါတွေရဲ့အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ဝင်ရောက် ကြည့်ရှုနေပါတယ်'' ဟု ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိ အောင်က ဆိုသည်။

အဆိုပါဝက်ဘ်ဆိုက်နှင့် ဖေ့စ် ဘွတ်ခ်တွင် ရေးသားဖော်ပြထား သောသတင်း အချက်အလက်များ နှင့် ဓာတ်ပုံများအား သတင်းမီဒီ ယာများတွင် မှီငြမ်းရေးသားဖော် ပြရန် ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနမှခွင့်ပြုထားကြောင်း သိရ သည်။

''မီဒီယာမှာ ရေးသားဖော်ပြမယ့် သူတွေအနေနဲ့ ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာတွေကို အရင်ဆုံး ဖတ်ရှုလေ့လာပြီးမှ မရှင်းတာတွေ ကို ကျွန်မတို့ဌာနကို မေးမြန်းရင် ပိုကောင်းပါတယ်''ဟု ယင်းကဆက် လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လတ်တလော ၌ အီဘိုလာ သံသယလူနာ တစ်ဦးဝင် ရောက်လာသည့်အပြင် ဂျပန်ဦး နှောက်ရောင်ရောဂါဖြစ်ပွားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ခြင်းစသည့် ကူးစက်ရောဂါများ က လည်း ဖြစ်ပွားလျက်ရှိရာ ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်ပတ် သက်ပြီး ပိုမိုလေ့လာစူးစမ်းလာကြ ကြောင်းလည်း သိရသည်။

''ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေကိုတော့ တော် တော်များများ ကြည့်ဖြစ်ပါတယ်။အခု ကာလမှာ အီဘိုလာရောဂါ သံသယ လူနာကလဲ မြန်မာနိုင်ငံမှာရောက် နေတယ်ဆိုတော့ ကျန်းမာရေး ဝက်ဘ်ဆိုက်တွေကို မကြာခဏ ဝင်ကြည့် ပါတယ်။ ဒီဝက်ဘ်ဆိုက်ရှိတယ်ဆိုတာကို မသိလို့ မကြည့် ရသေးပါဘူး။ ကူးစက်ရောဂါတွေနဲ့ပတ်သက် ပြီး အချိန်နဲ့တစ်ပြေးညီ သိရမယ်ဆိုရင် သိပ်ကောင်း ပါတယ်''ဟု ဒဂုံမြို့သစ် မြောက်ပိုင်းတွင် နေထိုင် သူ ဦးအောင်မြင့်က ပြောသည်။

ထို့ပြင် အဆိုပါ ဝက်ဘ်ဆိုက် နှင့်ဖေ့စ်ဘွတ်ခ်ကို ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနအနေဖြင့် ယခုနှစ်လယ်ခန့်မှစတင်လွှင့်တင်ခဲ့ ခြင်းဖြစ်ကာ ဝင်ရောက်ကြည့်ရှုသူ အလွန်နည်းပါးနေသေးကြောင်း လည်း သိရသည်။

NOL
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List