Monday, September 01, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးပြီး ရေလွှမ်းမည့် အန္တရာယ်ရှိနေ


တစ်ကျော့ပြန် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မြေနိမ့်ဒေသများနှင့် လယ်မြေများ ရေလွှမ်းနိုင်သည့် အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးထားသည်။

‘‘မုတ်သုံက ပုံမှန်ရှိနေပေမယ့် ဒီရက်ပိုင်းမှာ တရုတ်ပြည် ဘက်က လေအေးတွေ တိုးဝင်လာလို့ နေရာ ကွက်ပြီး မိုးကောင်း နိုင်တယ်။ တချို့နေရာတွေမှာ လည်း ရေကြီးနေတာဆိုတော့ ထပ်ရွာမယ့် မိုးနဲ့ဆိုရင် သတိထား ဖို့ လိုပြီ’’ဟု ဒေါက်တာထွန်းလွင် က ပြောသည်။

ရေကြီးမည့် အလားအလာ မြင့်မားနေသော ဒေသများအဖြစ် မိတ္ထီလာနှင့် ညောင်ဦးမြို့နယ်၊ မုံရွာမြို့နယ် တို့ကို သတိပေးထား သည်။ ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ မအူပင်မြို့နယ်နှင့် သထုံမြို့နယ် တို့ရှိ မြေနိမ့်ဒေသ များတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဆိုသည်။

မိုး/ဇလဌာနကလည်း ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်း   ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း မိုးသည်း ထန်စွာ ရွာနေသောကြောင့် မိုး ခေါင်နေသည့် အလယ် ပိုင်းနှင့် အထက်ပိုင်းဒေသအချို့တွင် ရေ ဘေးရင်ဆိုင်နေရသည်အထိ ဆိုး ရွားနေသည်။ ရွှေဘိုမြို့နယ်တွင် လည်း မိုးများကာ သြဂုတ် ၂၉ ရက်က ဆည်အချို့ ရေလျှံပြီး ကျေးရွာငါးရွာခန့် လေးပေးခန့် အထိ ရေမြုပ် နေကြောင်း သိရသည်။

သြဂုတ်လဆန်းက မုတ်သုံ လေအားကောင်းကာ  မိုးသည်း ထန်စွာရွာခဲ့သောကြောင့်   မွန်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရေ ဘေးအန္တရာယ်ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး ရေဘေးသင့်သူ ခြောက်သောင်းကျော်ရှိခဲ့ကာ လယ်ဧကသုံးသိန်းကျော် ရေလွှမ်းခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List