Monday, September 01, 2014

ဆီးရီးယားသူပုန်တွေ ဖမ်းထားတဲ့ ကုလတပ်သားတွေ လွတ်မြောက်ဖို့ ဆွေးနွေးနေ


ဆီးရီးယားသူပုန်တွေ ​ဖမ်းဆီးထားတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​တပ်သားတွေကို ​ပြန်လွတ်ပေးဖို့အတွက် ​ညှိနှိုင်းဆွေးနွေးမှုတွေ ​လုပ်ဆောင်နေတယ်လို့ ​ဖီဂျီနိုင်ငံ ​စစ်အရာရှိက ​ပြောလိုက်ပါတယ်။ အစ္စရေး နဲ့ ​ဆီးရီးယားနိုင်ငံအကြားက ​Golan ​Heights ​ဒေသမှာ ​ဆီးရီးယား သူပုန်တွေ ​ဖမ်းမိထားတဲ့ ​ကုလသမဂ္ဂ တပ်သား ​၄၄ ​ယောက်ဟာ ​ဖီဂျီနိုင်ငံ သားတွေ ​ဖြစ်တဲ့အတွက် ​ဖီဂျီအစိုးရက ​သူတို့ ​လွတ်မြောက်ရေး အတွက် ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

အဲဒီကုလသမဂ္ဂ ​အမှုထမ်းတွေဟာ ​ဆီးရီးယားတပ်နဲ့ ​ဆီးရီးယားသူပုန်တွေ အကြား ​ဖြစ်ပွားတဲ့ ​စစ်အတွင်း ​ဖမ်းဆီးခံခဲ့ရတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေးစစ်သားအဖြစ် ​လုပ်ဆောင်နေတဲ့ ​ဖိလစ်ပိုင်နိုင်ငံသား ​စစ်သား ​အယောက် ​၇၀ကျော်လည်း ​ပိတ်မိနေခဲ့ပေမယ့် ​အခုအခါမှာ ​လုံခြုံရာနေရာကို ​ရောက်သွားပြီ ​ဖြစ်ပါတယ်။

ဆီးရီးယားသူပုန်တွေ ​ဖမ်းဆီးထားတဲ့ ​ဖီဂျီစစ်သားတွေကို ​ပြန်လွတ်ပေးဖို့ ​သြစတြေးလျအစိုးရကလည်း ​တောင်းဆိုလိုက်ပါတယ်။

သြစတြေးလျအနေနဲ့ ​ဖီဂျီအစိုးရကို ​အတတ်နိုင်ဆုံးကူညီမယ်လို့ ​ပြောဆိုခဲ့သလို ​သြစတြေးလျ ​ထောက် လှမ်းရေးသမားတွေ ​ရရှိတဲ့ ​အချက်အလက်ကိုလည်း ​ဝေမျှသွားမယ်လို့ ​ကုလသမဂ္ဂလုံခြုံရေး ​ကောင်စီ ​ဥက္ကဌ ​တာဝန်ယူထားတဲ့ ​သြစတြေးလျ ​အစိုးရကလည်း ​ပြောဆိုခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List