Monday, September 01, 2014

အီဘိုလာရောဂါပျံ့နှံ့နေသည့် ဂီနာနိုင်ငံတွင် ဆူပူမှုဖြစ်ပွားပြီး လူ ၅၀ ကျော် ဒဏ်ရာရ


အနောက်အာဖရိကတိုက်မှ အီဘိုလာရောဂါပျံ့နှံ့နေသည့် ဂီနာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ကန့်ကွက် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုကြောင့် လူ ၅၅ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဂီနာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ဇီရီကိုးမြို့ ဈေးတစ်ခုအတွင်းသို့ ကျန်းမာရေးဝန်ထမ်းများက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ပိုး သတ်ဆေးများ  လာဖျန်းသောကြောင့် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်လိုက် သည်။

ဒဏ်ရာရသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၇ ဦးထက်မနည်း ပါဝင်ကြောင်းလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး မှူး လန်စီကွန်ဒေး က ပြောကြားသည်။

ဆန္ဒပြသူများက ဆေးရုံအရေးပေါ် လူနာတင်ကားတစ်စီး၊ ယူနီဆက်မှယာဉ်များ၊ ဆရာဝန်များနှင့် အရပ် ဘက် ကားအချို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နယ်မြေလွှတ်တော်အမတ်တဦးက ယခုဆူပူမှုများသည် သူပုန်အဖွဲ့ဝင်ဟောင်းများ၏ လက်ချက်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

“ဆူပူမှုကနေ ဖျက်ဆီးမှုတွေ ဖြစ်လာတာဟာ သူပုန်ဟောင်းတွေ ပါဝင်လာလို့ ဖြစ်တာပါ။ သူတို့က ဒီလူတွေကြားထဲမှာ ရောနေပြီး မြို့ကိုရော၊ နိုင်ငံကိုရော၊ ဒေသကိုရော ခြိမ်းခြောက်မှုတွေ ဖြစ်စေပါ တယ်” ဟု ၎င်းက ပြောကြားသည်။

ဇာရီကိုးမြို့၏ လူဦးရေသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလထက် နှိုင်းယှဉ်ပါက လူဦးရေ သုံးသိန်းခန့် အထိ နှစ်ဆတိုးတက်လာရခြင်းမှာ အိမ်နီးချင်း ဘိုင်ဘေးရီးယား၊ ဆီရာလီယွန်နှင့် ဂီနာ နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်များမှ ထွက်ပြေးလာသည့် ဒုက္ခသည် များကြောင့် ဖြစ် ကြောင်း သိရသည်။

အဆိုပါ အိမ်နီးချင်း လေးနိုင်ငံတွင် ဖြစ်ပွားနေသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၅၀၀ ကျော် သွားပြီဖြစ်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List