Sunday, October 12, 2014

ဘိုကိုဟာရမ်အဖွဲ့က ပြန်ပေးဆွဲထားသူ ၂၇ ဦး ပြန်လွတ်


ကင်မရွန်းနိုင်ငံမှာ ဘိုကိုဟာရမ်အဖွဲ့က မေလနဲ့ ဇူလိုင်လမှာ  ပြန်ပေးဆွဲခဲ့သူ ၂၇ ယောက် အောက်တိုဘာ ၁၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပါတယ်။သူတို့ကို နိုင်ငံ မြောက်ဘက်အစွန် ဒေသကနေ မြို့တော် ကို အောက်တိုဘာ ၁၁ ရက်နေ့က ပြန်ခေါ်လာပြီး ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ဆက်သွယ် ရေးဝန်ကြီးနဲ့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ပြန်ပေးဆွဲခံထားရသူတွေ ပြန်လည်လွတ်မြောက်လာဖို့ သမ္မတ ပေါ့ဘိုင်ယာ ကိုယ်တိုင် ပါဝင်ဆောက်ရွက် ခဲ့ရပြီး စစ်တပ်၊ ထောက်လှမ်းရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေလည်း ပူးပေါင်းဆောက်ရွက်ခဲ့တယ်လို့ ၀န်ကြီး ဘာကာရီက ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ဒုတိယ ၀န်ကြီးချုပ်ရဲ့ ဇနီးနဲ့ တရုတ်လူမျိုး ၁၀ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်အလုပ်သမားတွေ ဟာ မေလက နိုက်ဂျီရီးယား နယ်စပ် ၀ါဇာမြို့မှာ ပြန်ပေးဆွဲခံရ တာဖြစ်ပြီး ဒုဝန်ကြီးချုပ်ရဲ့ ဇနီးကတော့ ဇူလိုင်လမှာ ပြန်ပေးဆွဲခံရတာလို့ သမ္မတက ပြောပါတယ်။

ကင်မရွန်းမှာရှိတဲ့ တရုတ်သံရုံးကလည်း  တရုတ်နိုင်ငံ သားတွေ ပြန်ပေးသမားတွေ လက်ထဲ ကနေ ပြန်လွတ်လာတာကို အတည်ပြုပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ ဒီနှစ်အတွင်းမှာ လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။

အများစုက နိုက်ဂျီရီးယား အရှေ့မြောက်ဒေသက ပြည်သူတွေ ဖြစ်ပြီး နိုက်ဂျီးရီးယား တနိုင်ငံလုံးမှာလည်း ဗုံးခွဲမှုတွေကို လုပ်ခဲ့ပါတယ်။

သူတို့ လှုပ်ရှားမှုဟာ ငါးနှစ်ရှိနေပြီး ဒီနှစ်မှာတော့ တိုက်ခိုက်မှုတွေ ကင်မရွန်းနဲ့ နယ်စပ်အထိ ကျယ်ပြန့်လာလို့ ကင်မရွန်းအစိုးရကလည်း နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ဧပြီလကတည်းက ဘိုကိုဟာရမ်အဖွဲ့က ဖမ်းထားတဲ့ နိုက်ဂျီးရိးယား ကျောင်းသူ ၂၀၀ ကျော်လည်း အခုအထိ ပြန်မလွတ်လာသေးဘဲ သတင်းအစအန ပျောက်နေဆဲဖြစ်ပါတယ်။

ဘိုကိုဟာရမ်အဖွဲ့က ကျောင်းသူ ၁၂၀ ကျော်ကို  ပြန်ပေးဆွဲသွားတာ ရက်ပေါင်း ၁၈၀ ရှိသွားတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ “Bring Back Our Girls” လှုပ်ရှားမှုအဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၁ ရက်နေ့က မြို့တော် အဘူဂျာမှာ ဆန္ဒပြကြပါတယ်။

ဘိုကို ဟာရမ် စစ်သွေးကြွတွေဟာ မိန်းကလေးတွေကို ကင်မရွန်းနဲ့ နယ်စပ် ချီဘိုရွာ အထက်တန်းကျောင်း ကနေ ဧပြီလကတည်းက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ကျောင်းသူတွေ ပြန်ပေးဆွဲခံရတဲ့အချိန်ကစလို့  “Bring Back Our Girls” လှုပ်ရှားမှုအဖွဲ့ဟာ နေ့စဉ် ထိုင်သပိတ်တွေကို ပြုလုပ်လာတာပါ။

အဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ နိုက်ဂျီရီးယား ပညာရေးဝန်ကြီးဟောင်း အိုဘေး အီဇက်ဝီစီလီက ကျောင်းသူတွေ ပြန်မလွတ်မချင်း ဆန္ဒပြသွားမယ်လို့  ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List