အီဘိုလာ ကူးစက်ခံရတဲ့ စပိန်သူနာပြုဆရာမ တာရီစာ ရိုမီယိုရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေပြီး နောက်ထပ် ၇ ဦးကိုလည်း မက်ဒရစ် ဆေးရုံမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေပါတယ်။၇ ဦး ထဲက ၂ ဦးဟာ သူနာပြု ရိုမီယိုကို ဆံပင် အလှပြင်ပေးခဲ့သူဖြစ်ပါတယ်။ ၇ ဦးလုံးမှာ ရောဂါလက္ခဏာ မတွေ့ရသေးပါဘူး။
ဒီမတိုင်ခင် သီးခြားခွဲထားသူတွေကတော့ သူနာပြု ဆရာမ ရိုမီယိုရဲ့ ခင်ပွန်းနဲ့ ရိုမီယိုကို ဆေးကုပေးတဲ့ ဆရာဝန် ၂ ဦးနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့ရ တဲ့ ဆေးဝန်ထမ်းတဦး ပါဝင်ပါတယ်။
တခြား ၃ ဦးမှာတော့ ရောဂါလက္ခဏာ မတွေ့ရလို့ စက်တင်ဘာ ၈ ရက်နေ့က အိမ်ပြန်ခွင့်ပြုလိုက်ပါတယ်။
ရိုမီယိုကို ဆေးကုသမှုခံယူနေတဲ့ ကားရို့စ် ဆေးရုံ အမှတ် ၃ က ဆေးရုံအရာရှိတဦးက လူနာရဲ့ ကျန်း မာရေး အခြေအနေ ကျဆင်းနေကြောင်း၊ အသေးစိတ်တော့ မပြောပါဘူး။
အသက် ၄၄ နှစ်ရွယ် သူနာပြုဆရာမ ရိုမီယိုဟာ အာဖရိက တိုက်အပြင်ဘက်မှာ ပထမဆုံး အီဘိုလာ ရောဂါကူးစက်ခံရတဲ့ လူနာဖြစ်ပါတယ်။
သူနာပြုကို ရောဂါကူးစက်တာဟာ အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး အစီအမံ ညံ့ဖျင်းမှုကြောင့်လို့ ဝေဖန် တာတွေ ရှိပေမ့ယ် အစိုးရကတော့ ဒါဟာ သူနာပြုရဲ့ အမှားကြောင့် ဖြစ်ရတာလို့ ချေပပါတယ်။
သူနာပြု ဆရာမဟာ အာဖရိကမှာ ရောဂါကူးစက်ခဲ့ပြီး စပိန်မြေပေါ် ပြန်လာတဲ့ ဓမ္မဆရာနှစ်ယောက်ကို ဆေးကုသပေးရင်းနဲ့ ရောဂါကူးစက်ခဲ့တာဖြစ်ပါတယ်။
ရိုမီယိုက အကာအကွယ် လက်အိတ်နဲ့ မျက်နှာကို ကိုင်ခဲ့မိတယ်လို့ ဆေးရုံက သူနာပြုတယောက်ကို ပြောခဲ့ပါတယ်။
DVB
No comments:
Post a Comment