Monday, December 16, 2019

NLD အစိုးရက တရုတ်ကို အောက်ကျို့ ဆက်ဆံမည်မဟုတ်ဟု မုံရွာအောင်ရှင် ပြော

Image may contain: 1 person, standing and text

NLD အစိုးရက တရုတ်ကို အောက်ကျို့ ဆက်ဆံမည်မဟုတ်ကြောင်း ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ပါတီရဲ့မူ၊ ကျွန်တော်တို့အစိုးရရဲ့မူပေါ့လေ။ တရုတ်အစိုးရရဲ့အပေါ်မှာ ကျွန်တော်တို့ အောက်ကျို့ပြီးတော့ ဆက်ဆံတဲ့မူမရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံရေးအရ တန်းတူဆက်ဆံရေးပါပဲ။ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးပါပဲ” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ဝန်းကြီးများရုံးဝင်းအတွင်း ကျင်းပသည့် ISP Myanmar မှ ကျင်းပသည့် “တရုတ်-မြန်မာဆက်ဆံရေးအခွင့်အလမ်းသစ်များကို ရှာဖွေခြင်း” စကားဝိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။
နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပြောထားသည့် ဘက်မလိုက်ကြားနေဝါဒအတိုင်း ဆက်လက်ကျင့်သုံးနေကြောင်းလည်း မုံရွာအောင်ရှင်ကပြောသည်။
လက်ရှိအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံသို့လာရောက်မည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိကြောင်း၊ သို့သော် တရုတ်သမ္မတ လာရောက်မည်ဆိုပါကလည်း လာရောက်သင့်သည့်အချိန်အခါဖြစ်ကြောင်း မုံရွာအောင်ရှင်ကဆိုသည်။
ထက်ဝေအောင်
(Zawgyi)
NLD အစိုးရက တရုတ်ကို အောက်ကျို့ ဆက်ဆံမည်မဟုတ်ဟု မုံရွာအောင်ရှင် ပြော
------ ------ ------ ----- -----

NLD အစိုးရက တရုတ်ကို အောက်ကျို့ ဆက်ဆံမည်မဟုတ်ကြောင်း ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။
“ကျွန်တော်တို့ပါတီရဲ့မူ၊ ကျွန်တော်တို့အစိုးရရဲ့မူပေါ့လေ။ တရုတ်အစိုးရရဲ့အပေါ်မှာ ကျွန်တော်တို့ အောက်ကျို့ပြီးတော့ ဆက်ဆံတဲ့မူမရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံရေးအရ တန်းတူဆက်ဆံရေးပါပဲ။ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးပါပဲ” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ဝန်းကြီးများရုံးဝင်းအတွင်း ကျင်းပသည့် ISP Myanmar မှ ကျင်းပသည့် “တရုတ်-မြန်မာဆက်ဆံရေးအခွင့်အလမ်းသစ်များကို ရှာဖွေခြင်း” စကားဝိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။
နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပြောထားသည့် ဘက်မလိုက်ကြားနေဝါဒအတိုင်း ဆက်လက်ကျင့်သုံးနေကြောင်းလည်း မုံရွာအောင်ရှင်ကပြောသည်။
လက်ရှိအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံသို့လာရောက်မည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိကြောင်း၊ သို့သော် တရုတ်သမ္မတ လာရောက်မည်ဆိုပါကလည်း လာရောက်သင့်သည့်အချိန်အခါဖြစ်ကြောင်း မုံရွာအောင်ရှင်ကဆိုသည်။
ထက်ဝေအောင်

No comments:

Post a Comment

My Blog List