Tuesday, December 17, 2019

ဒေါ်စုဒါလီအောင်အား တရားစွဲဆိုထားမှုကို ချေဖျက်ရန် တင်ပြထားမှု မန္တလေးတိုင်းတရားလွှတ်တော် ကြားနာမည်

Image may contain: 3 people, people standing
ဗစ်တိုးရီးယားအမှုမှ သံသယတရားခံ အောင်ကြီး ရှေ့နေ ဒေါ်စုဒါလီအောင်(ဝဲပုံ)ကို Wisdom Hill မူကြို ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုထား သည့်အမှုကိုချေဖျက်ရန် တင်ပြထားမှုအား မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က ကြားနာရန် လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအမှုကို နေပြည်တော်ပုဗ္ဗသီရိမြို့နယ် တရား ရုံးတွင် အမှုရင်ဆိုင်နေပြီး ယနေ့ပြုလုပ်သော ရုံးချိန်းတွင် ချေဖျက်လွှာကို လက်ခံလိုက်သောကြောင့် မြို့နယ်တရားရုံး ၌ စစ်ဆေးခြင်းမပြုလုပ်ဘဲ နောက်တစ်ကြိမ် ထပ်မံချိန်းဆို လိုက်ကြောင်း ဒေါ်စုဒါလီအောင်၏ရှေ့နေ ဦးအောင် ကျော်စိုးက ပြောဆိုသည်။
"ဒီနေ့လာရတဲ့ အကြောင်းရင်းက တရားစွဲခံထားရ တဲ့ ဒေါ်စုဒါလီအောင်က တိုင်းဒေသကြီးတရားလွှတ်တော် ချုပ်မှာ ရာဇဝတ်အထူးအယူခံ ၁၃/၂၀၁၉ အတွက်ကြားနာရန် လျှောက်လဲချက်သွားပေးတော့ ခွင့်တိုင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့က မန္တလေးတိုင်းဒေသကြီးကို ဒီအမှုချေဖျက်ပေးဖို့ တက်ထားတဲ့အတွက်ကြောင့်၊ ဒီအမှုတွဲတက်သွားတဲ့အတွက်ကြောင့် ပြန်လည်ချိန်းဆိုတယ်။ အဲဒီအတွက် လာတာပါ"ဟု ၎င်းက ပြောဆိုသည်။
ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပြုလုပ်မည့် လာမည့်နောက်တစ်ကြိမ်ရုံးချိန်းကိုဒီဇင်ဘာ ၃၀ ရက်တွင်ချိန်းဆိုထားကြောင်း၊အမှုချေဖျက်လွှာကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။
"လက်ခံတယ်ဆိုတာက ဒီအမှုကို ချေဖျက်ဖို့အတွက် ကျွန်တော်တို့က အမှုတွဲတင်တယ်။ တင်တာကို လက်ခံကြားနာမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ။ ကြားနာမယ့်ရက်ကိုတော့ မပြောတတ်သေးဘူး။ သူကကျတော့ လိုင်းပေါ်ကနေ နှစ်ပတ်အလိုမှာ ဘယ်နေ့ကြားနာမယ်ဆိုတာ ထုတ်ပြန်ပေးတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးကပြောဆိုသည်။
အမှုချေဖျက်ရန်အတွက် တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်က ကြားနာရန်လက်ခံလိုက်သော်လည်း လက်ရှိ အောက်တရားရုံးဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်တွင်မစစ်ဆေးနိုင်သည့် တိုင်အောင် ရုံးချိန်းများကိုဆက်လက်ယူ ဆောင်သွားရမည်ဖြစ်ကြောင်းသိရသည်။
Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားလေးအမှုနှင့် ပတ်သက်၍ အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က မီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားချက်အပေါ်မကျေနပ်၍ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၁၀၁ ဖြင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
သတင်း - မင်းမင်းထွန်း
.............................................................
(Unicode Version)

No comments:

Post a Comment

My Blog List