ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် မနက်က မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရာက်ခဲ့ပါတယ်။
“ဖွင့်ပွဲအခမ်းအနားပြီးတော့ မာန်အောင်ဒေသခံတွေနဲ့တွေ့ဆုံပွဲလုပ်တယ်။ အားလုံးအောင်အောင်မြင်ပီးသွားပြီ။ ပေါက်ကွဲမှုဖြစ်တာ ဖွင့်ပွဲလုပ်တဲ့နေရာနဲ့တော်တော်ဝေး ပါတယ်။ ၃ မိုင်လောက်တော့ရှိမယ်။ ဘာမှထိခိုက်မှုမဖြစ်ပါဘူး။ ၁၁ နာရီကျော်ကျော် လောက်မှပြန် လည်ထွက်ခွာသွားပါတယ်။ ဒီရောက်တာက ၉ နာရီခွဲ ၁၀ နာရီလောက်မှာရောက်တာ။”
မာန်အောင်မြို့ငအုန်းမော်ကျေးရွာမှာတည်ဆောက်ထားတဲ့နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ဓာတ်အားစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
မာန်အောင်မြို့ပေါက်ကွဲမှုဖြစ်စဉ်ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို ဒီဗွီဘီကမေးမြန်ရာမှာ မိုင်းဘယ်နှစ်လုံးပေါက်ကွဲတယ်ဆိုတာ အသေးစိတ်သိရဖို့ မေးမြန်းနေတယ်လို့ ဖြေဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မလာခင် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့အင်အား ၂၀၀ နဲ့ တပ်မတော်သားအင်အား ၂၀၀ တို့က မာန်အောင်မြို့ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက လုံခြုံရေး တိုးမြင့်ချထားပါတယ်။
DVB
No comments:
Post a Comment