Tuesday, December 17, 2019

မြန်မာ့ပင်လယ်ပြင်၌ ခိုးဝင်ဘင်္ဂါလီ (၁၇၃) ဦးနှင့်အတူ မြန်မာနိုင်ငံသား (၇) ဦးကို တပ်မတော်(ရေ)မှ ဖမ်းဆီးနိုင်

Image may contain: ocean, sky, outdoor, water and nature

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်သည့်ဘင်္ဂါလီ (၁၇၃)ဦးနှင့်အတူ မြန်မာနိုင်ငံသား(၇)ဦးကို တပ်မတော် (ရေ)မှ ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် သံကျွန်း၏အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်းတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၈ ပေခန့် ကျော်ခိုင်တိုးအမည်ရှိ လှေပေါ်တွင် ပဲ့နင်းဖြစ်သူ ဦးမျိုးဇော်အပါအဝင် အဖွဲ့ဝင် (၇) ဦးအား တရား မဝင် ခိုးဝင်လာသည့် ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိလှေ၊ မြန်မာအမျိုးသား (၇) ဦးနှင့် ဘင်္ဂါလီ ၁၇၃ ဦးတို့အား ကော့သောင်းမြို့နယ်ရှိ သက် ဆိုင်ရာသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
Image may contain: ocean, outdoor and water
Image may contain: one or more people, ocean, outdoor and water
(Unicode)
မြန်မာ့ပင်လယ်ပြင်၌ ခိုးဝင်ဘင်္ဂါလီ (၁၇၃) ဦးနှင့်အတူ မြန်မာနိုင်ငံသား (ရ) ဦးကို တပ်မတော်(ရေ)မှ ဖမ်းဆီးနိုင်
…………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ - ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်သည့်ဘင်္ဂါလီ (၁၇၃)ဦးနှင့်အတူ မြန်မာနိုင်ငံသား(ရ)ဦးကို တပ်မတော်(ရေ)မှ ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် သံကျွန်း၏အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်းတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၈ ပေခန့် ကျော်ခိုင်တိုးအမည်ရှိ လှေပေါ်တွင် ပဲ့နင်းဖြစ်သူ ဦးမျိုးဇော်အပါအဝင် အဖွဲ့ဝင် (ရ) ဦးအား တရား မဝင် ခိုးဝင်လာသည့် ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိလှေ၊ မြန်မာအမျိုးသား (ရ) ဦးနှင့် ဘင်္ဂါလီ ၁၇၃ ဦးတို့အား ကော့သောင်းမြို့နယ်ရှိ သက် ဆိုင်ရာသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
#PeopleMedia

No comments:

Post a Comment

My Blog List