Monday, December 16, 2019

တောင်သူတွေကို တရားစွဲတာ ပြန်ရုပ်သိမ်းဖို့ FEEN တောင်းဆို

Image may contain: 3 people, people standing and outdoor
တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေကို ကြိုတင်ချပြပြီး ညှိနှိုင်းသဘောတူညီမှုတွေရမှ လုပ်ဆောင်ဖို့နဲ့ တပ်မတော်က တောင်သူတွေကို တရားစွဲထားတာတွေ ပြန်လည်ရုပ်သိမ်းပေးဖို့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEEN) က ဒီနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ကျေးရွာတွေ၊ နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ မီးရှို့ဖျက်စီးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေစတဲ့ လူအခွင့်ရေးချိုးဖောက်တာတွေကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၅ ပြည်သူ့အစိုးရ တက်လာပြီး နောက်ပိုင်းမှာလည်း တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေကြောင့် တိုင်းရင်းသား အခွင့်အရေးတွေ၊ လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဌာနေတိုင်းရင်းသားတွေ မြေယာပိုင်ဆိုင်မှုတွေကို ရိုးရာမြေယာအသုံးပြုတာတွေနဲ့ သဟဇာတမဖြစ်တဲ့ မြေယာဥပဒေတွေ ထွက်ပေါ်လာတာစတဲ့ မြေယာသိမ်းဆည်းမှုတွေကို အားပေးရာရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးယူဖို့ ပျက်ကွက်တဲ့အပြင် အကာအကွယ်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကရင်နီတောင်သူလယ်သမားသမဂ္ဂ၊ မွန်ပြည်နယ် မြေယာမူဝါဒကော်မတီ၊ ရှမ်းပြည်နယ် တောင်သူလယ်သမားကွန်ရက်စတဲ့ ပြည်နယ်တွေက တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ FEEN အဖွဲ့ရဲ့ တတိယအကြိမ် အစည်းအဝေးကို ကယားပြည်နယ်မှာကျင်းပခဲ့ပြီး ဒီနေ့မှာကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာပါရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး တပ်မတော်နဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
RFA
(Unicode)
~~~~~~~~~~~~~~~

တောင်သူတွေကို တရားစွဲတာ ပြန်ရုပ်သိမ်းဖို့ FEEN တောင်းဆို
~~~~~
■ တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေကို ကြိုတင်ချပြပြီး ညှိနှိုင်းသဘောတူညီမှုတွေရမှ လုပ်ဆောင်ဖို့နဲ့ တပ်မတော်က တောင်သူတွေကို တရားစွဲထားတာတွေ ပြန်လည်ရုပ်သိမ်းပေးဖို့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEEN) က ဒီနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ကျေးရွာတွေ၊ နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ မီးရှို့ဖျက်စီးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေစတဲ့ လူအခွင့်ရေးချိုးဖောက်တာတွေကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၅ ပြည်သူ့အစိုးရ တက်လာပြီး နောက်ပိုင်းမှာလည်း တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေကြောင့် တိုင်းရင်းသား အခွင့်အရေးတွေ၊ လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဌာနေတိုင်းရင်းသားတွေ မြေယာပိုင်ဆိုင်မှုတွေကို ရိုးရာမြေယာအသုံးပြုတာတွေနဲ့ သဟဇာတမဖြစ်တဲ့ မြေယာဥပဒေတွေ ထွက်ပေါ်လာတာစတဲ့ မြေယာသိမ်းဆည်းမှုတွေကို အားပေးရာရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးယူဖို့ ပျက်ကွက်တဲ့အပြင် အကာအကွယ်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကရင်နီတောင်သူလယ်သမားသမဂ္ဂ၊ မွန်ပြည်နယ် မြေယာမူဝါဒကော်မတီ၊ ရှမ်းပြည်နယ် တောင်သူလယ်သမားကွန်ရက်စတဲ့ ပြည်နယ်တွေက တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ FEEN အဖွဲ့ရဲ့ တတိယအကြိမ် အစည်းအဝေးကို ကယားပြည်နယ်မှာကျင်းပခဲ့ပြီး ဒီနေ့မှာကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာပါရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး တပ်မတော်နဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: ကရင်နီတောင်သူလယ်သမားသမဂ္ဂ

No comments:

Post a Comment

My Blog List