Tuesday, December 17, 2019

အမ်းမြို့နယ်ရှိ မျိုးချစ်သူစားသောက်ဆိုင်ပိုင်ရှင်အား AA အဖွဲ့မှ လုပ်ကြံသတ်ဖြတ်


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး အမ်း-စစ်တွေ ကားလမ်းဘေးမိုင်တိုင်အမှတ် (၂၇ မိုင် ၂ ဖာလုံ)အနီးရှိ မျိုးချစ်သူစားသောက်ဆိုင်၌ ပိုင်ရှင်ဖြစ်သူဦးသန်းဇော်(ဘ)ဦးပွအား ဒီဇင်ဘာ ၁၃ ရက် ည ၆ နာရီ ခွဲခန့်တွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် ၆ ဦးမှ ဆိုင်အတွင်း၌ လာရောက်စားသောက်ပြီး အသင့်ပါလာသောဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးသန်းဇော်သည် သမီးဖြစ်သူနှင့်အတူ ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် (၆) ဦး အသီးသီးရောက်ရှိလာပြီး ဘီယာမှာယူခဲ့ကြောင်း၊ ဦးသန်းဇော်မှ ဘီယာအား သွားရောက်ချ ပေးစဉ် အသင့်ပါလာသောဓားဖြင့် အကြောင်းမဲ့ဝိုင်း၍ ထိုးသတ်ခဲ့ပြီး ဆိုင်ရှေ့လမ်းပေါ်သို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါထိုးသတ်မှုကြောင့် ဦးသန်းဇော်၏ ခန္ဓာကိုယ်တွင် လည်ပင်းတစ်ဝက်ခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နို့အုံ အထက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ၀ဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ၀ဲဘက်လက်မပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၁၄ အရ အမှုဖွင့်လှစ်၍ တရားခံများအား ဖမ်းဆီးရမိရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
(Unicode)
အမ်းမြို့နယ်ရှိ မျိုးချစ်သူစားသောက်ဆိုင်ပိုင်ရှင်အား AA အဖွဲ့မှ လုပ်ကြံသတ်ဖြတ်
……………………………………………………………

စစ်တွေ၊ ဒီဇင်ဘာ - ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး အမ်း-စစ်တွေ ကားလမ်းဘေးမိုင်တိုင်အမှတ် (၂၇ မိုင် ၂ ဖာလုံ)အနီးရှိ မျိုးချစ်သူစားသောက်ဆိုင်၌ ပိုင်ရှင်ဖြစ်သူဦးသန်းဇော်(ဘ)ဦးပွအား ဒီဇင်ဘာ ၁၃ ရက် ည ၆ နာရီ ခွဲခန့်တွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် ၆ ဦးမှ ဆိုင်အတွင်း၌ လာရောက်စားသောက်ပြီး အသင့်ပါလာသောဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်မှာ ဦးသန်းဇော်သည် သမီးဖြစ်သူနှင့်အတူ ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် (၆) ဦး အသီးသီးရောက်ရှိလာပြီး ဘီယာမှာယူခဲ့ကြောင်း၊ ဦးသန်းဇော်မှ ဘီယာအား သွားရောက်ချ ပေးစဉ် အသင့်ပါလာသောဓားဖြင့် အကြောင်းမဲ့ဝိုင်း၍ ထိုးသတ်ခဲ့ပြီး ဆိုင်ရှေ့လမ်းပေါ်သို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါထိုးသတ်မှုကြောင့် ဦးသန်းဇော်၏ ခန္ဓာကိုယ်တွင် လည်ပင်းတစ်ဝက်ခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နို့အုံ အထက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ဝဲဘက်လက်မပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၁၄ အရ အမှုဖွင့်လှစ်၍ တရားခံများအား ဖမ်းဆီးရမိရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia

No comments:

Post a Comment

My Blog List