Thursday, December 19, 2019

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့မှ တင်ပြထားသော မှုခင်းမှတ်တမ်းများ သည် လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိဟု မှုခင်းရဲတပ်ဖွဲ့ခေါင်းေ ဆာင်များပြော


Image may contain: 3 people
နေပြည်တော်ရှိ ပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်သည့် Wisdom Hall မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီး ယားအမှုကိစ္စတွင် ရဲတပ်ဖွဲ့အနေဖြင့် လုပ်ကြံဖန်တီးထားသည့် မှုခင်းမှတ်တမ်းများတစ်ခုမှမရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှုခင်းရဲတပ်ဖွဲ့ညွှန်ကြားေရးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။
ဗစ်တိုးရီးယားအမှုတွင် ရဲတပ်အဖွဲ့က တရားခံဟု ယူဆထားအား တရားရုံးမှ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ် သက်၍ ယနေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုတွင် ရဲတပ်ဖွဲ့အနေ ဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အခုရှင်းလင်းပြတဲ့ဟာတွေအထဲမှာ လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိပါဘူး၊ ရိုးရိုးသားသားနဲ့ ပဲဒီအမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတာပါ” ဟု မှုခင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။

ဗစ်တိုးရီးယားအမှုတွင်လည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များတွင် ကြိုးကိုင်ခဲ့သည့် လူပုဂ္ဂိုလ်များ မရှိသည့် အပြင် မည်သူမျှ ဖိအားပေးလုပ်ဆောင်ခိုင်းစြေခင်း၊ အမှုအား ကိုင်တွယ်နေသည့်သူများကို ချုပ်ကိုင်ခဲ့ခြင်းလည်း မရှိခဲ့ကြောင်း အဆိုပါရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ငြင်းဆိုသည်။

“ကျွန်တော်တို့လည်း အတက်နိုင်ဆုံး ဒီအမှုကို ကြိုးစားပြီးတော့ တည်ဆောက်ထားတာ ရဲတပ်ဖွဲ့လည်း ဒီပြည် သူလူထုထဲကပဲ ရဲတပ်ဖွဲ့ထဲကဘဲ အဲ့ဒီတော့ ဒီမှာ တည်ဆောက်နေတဲ့ အမှုတွေထဲက အားကောင်းပါတယ် ဆိုတဲ့ သက်မဲ့သက်သေ ကျန်ရက်သားကြီးကို ဝုန်းဆို မနေ့က လွှတ်လိုက်တော့ အစ်ကိုတို့ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး အတော် အံ့အားသင့်ရပါတယ်” ဟု မှုခင်းရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးက ပြောသည်။

တရားခံဟု တင်ပြထားသည် အောင်ကြီးအား တရားရှင်လွှတ်ပေးခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့်လည်း တည်းဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုနှင့်ပတ်သက်၍ စစ်ဆေးရာတွင်လည်း ကျူးလွန်ခံရသူသည် ကလေးငယ်ဖြစ်သည့်အတွက် အခက်အခဲရှိခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့ ထုတ်ဖော်ပြော ဆိုခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတရုံးမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဇော်ဌေးက အဆိုပါအမှုတွင် လွဲချော်မှုများရှိခဲ့ပါက တာဝန်ယူတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုထားသည်။


(Unicode)
ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့မှ တင်ပြထားသော မှုခင်းမှတ်တမ်းများ သည် လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိဟု မှုခင်းရဲတပ်ဖွဲ့ခေါင်း ေဆာင်များပြော
………………………………………………………

နေပြည်တော်ရှိ ပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်သည့် Wisdom Hall မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီး ယားအမှုကိစ္စတွင် ရဲတပ်ဖွဲ့အနေဖြင့် လုပ်ကြံဖန်တီးထားသည့် မှုခင်းမှတ်တမ်းများတစ်ခုမှမရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှုခင်းရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်အဖွဲ့က တရားခံဟု ယူဆထားအား တရားရုံးမှ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ် သက်၍ ယနေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုတွင် ရဲတပ်ဖွဲ့အနေ ဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အခုရှင်းလင်းပြတဲ့ဟာတွေအထဲမှာ လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိပါဘူး၊ ရိုးရိုးသားသားနဲ့ ပဲဒီအမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတာပါ” ဟု မှုခင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။

ဗစ်တိုးရီးယားအမှုတွင်လည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များတွင် ကြိုးကိုင်ခဲ့သည့် လူပုဂ္ဂိုလ်များ မရှိသည့် အပြင် မည်သူမျှ ဖိအားပေးလုပ်ဆောင်ခိုင်းစေခြင်း၊ အမှုအား ကိုင်တွယ်နေသည့်သူများကို ချုပ်ကိုင်ခဲ့ခြင်းလည်း မရှိခဲ့ကြောင်း အဆိုပါရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ငြင်းဆိုသည်။

“ကျွန်တော်တို့လည်း အတက်နိုင်ဆုံး ဒီအမှုကို ကြိုးစားပြီးတော့ တည်ဆောက်ထားတာ ရဲတပ်ဖွဲ့လည်း ဒီပြည် သူလူထုထဲကပဲ ရဲတပ်ဖွဲ့ထဲကဘဲ အဲ့ဒီတော့ ဒီမှာ တည်ဆောက်နေတဲ့ အမှုတွေထဲက အားကောင်းပါတယ် ဆိုတဲ့ သက်မဲ့သက်သေ ကျန်ရက်သားကြီးကို ဝုန်းဆို မနေ့က လွှတ်လိုက်တော့ အစ်ကိုတို့ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး အတော် အံ့အားသင့်ရပါတယ်” ဟု မှုခင်းရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးက ပြောသည်။

တရားခံဟု တင်ပြထားသည် အောင်ကြီးအား တရားရှင်လွှတ်ပေးခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့်လည်း တည်းဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုနှင့်ပတ်သက်၍ စစ်ဆေးရာတွင်လည်း ကျူးလွန်ခံရသူသည် ကလေးငယ်ဖြစ်သည့်အတွက် အခက်အခဲရှိခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့ ထုတ်ဖော်ပြော ဆိုခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတရုံးမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဇော်ဌေးက အဆိုပါအမှုတွင် လွဲချော်မှုများရှိခဲ့ပါက တာဝန်ယူတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုထားသည်။

#PeopleMedia #Political

No comments:

Post a Comment

My Blog List