Thursday, December 19, 2019

မာန်အောင်ဓါတ်အားပေးစက်ရုံအနီးပါတ်ဝန်းကျင်တွင် မိုင်း ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့သော်လည်း အဆိုပါစက်ရုံဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေး မိုင်းကွဲနေရာနှင့် ဖွင့်ပွဲလုပ်မည့်နေရာ ၅မိုင်၁ဖါလုံခန့်ကွာဝေးပြီးအထိအခိုက်မရှိကြောင်း သက်ဆိုင်ရာပြော

Image may contain: airplane and skyImage may contain: one or more people, people on stage and people standing
မာန်အောင်ဓါတ်အားပေးစက်ရုံအနီးပါတ်ဝန်းကျင်တွင် မိုင်း ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့သော်လည်း အဆိုပါစက်ရုံဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးရန်ရှိသည့် မာန်အောင်ဓါတ်အားပေးစက်ရုံအနီးပါတ်ဝန်းကျင်တွင် ယနေ့မနက်၆နာရီခွဲခန့်က မိုင်း ပေါက်ကွဲမှု ၃ကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်းနှင့်အထိအခိုက်မရှိပါကြောင်း သက်ဆိုင်ရာက အတည်ပြုပြောသည်။
မိုင်းကွဲနေရာနှင့် ဖွင့်ပွဲလုပ်မည့်နေရာ ၅မိုင်၁ဖါလုံခန့်ကွာဝေးကြောင်း သက်ဆိုင်ရာကရှင်းပြသည်။
မာန်အောင်မြို့အနောက်ဘက် သုံးမိုင်ခန့်အကွာ အင်းရွာသချိုင်းနှင့်ဘုရားကြီးကုန်း‌ရွာ သချိုင်းကြားအနီး ကျွန်းပတ်လမ်းမလမ်းဘေးငါးပေခန့်အကွာတွင် မိုင်းပေါက်ကွဲခြင်းဖြစ်ကာ ထိုနေရာတွင် မိုင်း၃လုံးစလုံးကို မသမာသူများကထောင်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မာန်အောင်ဒေသကိုလုံခြုံရေး အထူးတင်းကြပ်ထားပြီး၊ရဲက ပိတ်ဆို့ရှာဖွေမှုများ စစ်ဆေးမှုများပြုလုပ်လျှက်ရှိနေသည်။
Image may contain: one or more people
Image may contain: 1 person, standing, outdoor and nature
Image may contain: plant, tree, outdoor and nature
Image may contain: plant, tree, outdoor and nature
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List