Thursday, December 19, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ လူထုတွေ့ဆုံပွဲအပြီး ရဟတ်ယာဉ်ဖြင့်သံတွဲလေဆိပ်သို့ ပြန်လည်ရောက်ရှိ

Image may contain: one or more people and indoor

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက်က မာန်အောင်မြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲနှင့် မာန်အောင်နေရောက်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီးနောက် ရဟတ်ယာဉ်ဖြင့်သံတွဲလေဆိပ်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

ယနေ့မနက်က မာန်အောင်ဓါတ်အားပေးစက်ရုံအနီးပါတ်ဝန်းကျင်တွင် မိုင်း ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့သော်လည်းအဆိုပါစက်ရုံဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးရန်ရှိသည့် မာန်အောင်ဓါတ်အားပေးစက်ရုံအနီးပါတ်ဝန်းကျင်တွင် ယနေ့မနက်၆နာရီခွဲခန့်က မိုင်း ပေါက်ကွဲမှု ၃ကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့၍ အများပြည်သူက ဒေါ်အောင်ဆန်းစုကြည်၏ ရီးစဉ်နှင့်ပတ်သက်ပြီး စိုးရိမ်စ်တ်ဖြစ်ပေါ်ခဲ့ကြသည်။
သက်ဆိုင်ရာက မိုင်းကွဲနေရာနှင့် ဖွင့်ပွဲလုပ်မည့်နေရာ ၅မိုင်၁ဖါလုံခန့်ကွာဝေးကြောင်း ရှင်းပြပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိပါကြောင်းနှင့် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်းဖြေကြားခဲ့သည်။
ပေါက်ကွဲမှုသည် မာန်အောင်မြို့အနောက်ဘက် သုံးမိုင်ခန့်အကွာ အင်းရွာသချိုင်းနှင့်ဘုရားကြီးကုန်း‌ရွာ သချိုင်းကြားအနီး ကျွန်းပတ်လမ်းမလမ်းဘေးငါးပေခန့်အကွာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List