Monday, December 16, 2019

လားရှိုး၌ ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲ ငွေတောင်းခံမှုကျူးလွန်သည့် ရဲသုံးဦးအားဖမ်းမိ

Image may contain: outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ လုယက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးအား အမှုဖွင့်အရေးယူထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဒုတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူးရုံး လုံခြုံ ရေးတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်သုံးဦးသည် ဒီဇင်ဘာ ၈ ရက်နှင့် ၁၄ ရက်တို့တွင် ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲငွေတောင်းခံမှုများ ကျူးလွန်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဟိုပန်မြို့နယ်နေ ဦးကြာတော့သည် ငွေကျပ် ၄၈ သိန်းကျော်အား ၎င်းပိုင်မော်တော်ဆိုင်ကယ် တူးဘောက်အတွင်း ထည့်၍ မောင်းနှင်နေစဉ် လားရှိုးမြို့ ရပ်ကွက်(၃)၊ နယ်မြေ (၁) ရင်ခွဲရုံလမ်းကြားအရောက်တွင် အမျိုးသားနှစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးကြာတော့၏ ဆိုင်ကယ်အား တားဆီး ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ လားရှိုးမြို့ ရပ်ကွက် (၇) မေတ္တာလမ်းနေ ဦးအိုက်ခြံ၏ နေအိမ်သို့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက အမျိုးသားသုံးဦးသည် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာပြီး ဦးအိုက်ခြံအား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၁၅ သိန်းဖြင့် ရွေးယူရန် ဦးအိုက်ခြံ၏ ဇနီးဒေါ်ရန်ဆွေဖူးထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လားရှိုးမြို့ ရပ်ကွက် (၅)၊ နယ်မြေ(၂) ရှိ လမ်းကြားတစ်ခု၌ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က စောင့်ဆိုင်းဖမ်းဆီးရာ ၎င်းတို့က ဓားကိုယ်စီဖြင့် ပြန်လည်ခုခံရန် အားထုတ်ခဲ့ခြင်းကြောင့် ခြေထောက်အောက်ပိုင်းကို သေနတ်ဖြင့် သုံးချက်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာ ၎င်းတို့သည် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေး တပ်ခွဲမှ ရဲတပ်ကြပ်ကြီးဝင်းလှိုင်၊ ရဲတပ်ကြပ်တင်ရွှေနှင့် ရဲတပ်သားမျိုးမင်းစိုးတို့ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးစဉ်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် တင်ရွှေ၏ ဝဲဘက်ခြေသလုံးတွင် ကျည်ရှပ်ထိဒဏ်ရာရရှိ၍ လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား လားရှိုး မြို့မရဲစခန်း၌ စစ်ဆေးအတည်ပြုချက်ရယူခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ပြစ်မှုဥပဒေပုဒ်မ - ၃၈၆၊ ၃၄၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးရုံး(လားရှိုး)သို့ ဆက်သွယ်မေးမြန်းရာ 'လားရှိုးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ရဲတပ်ကြပ်ကြီးအပါအဝင်သုံးဦးကို ပုဒ်မ-၃၈၆၊ ၃၄၂၊ ၁၁၄တို့နဲ့ အမှုဖွင့်ထားပါတယ်'ဟု ပြည်နယ် ဒုရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် အတည်ပြုပြောဆိုသည်။
သတင်း - နိုင်ဝင်းစိုး
.................................................................
(Unicode Version)

No comments:

Post a Comment

My Blog List