Tuesday, December 17, 2019

မူလတန်းပြ ဆရာမအား အဓ္ဓမပြုကျင့်ပြီး သတ်ခဲ့သည့်တရားခံကို မော်လိုက်ခရိုင်တရားရုံးမှ သေဒဏ် အမိန့်ချမှတ်

No photo description available.
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်မော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆရာမဒေါ်ခင်နှင်းရီအား သတ်ခဲ့သည့် တရားခံ စိုးထက်နိုင် အသက်(၂၅)နှစ်အား ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မော်လိုက်ခရိုင်တရားရုံးမှ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်မော်ကျေးရွာနေ မူလတန်းပြဆရာမ ဒေါ်ခင်နှင်းရီသည် ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်နေ့က တစ်ကျောင်းတည်းအတူ တာဝန်ကျသူ ဆရာမအား ဆိုင်ကယ်နှင့် သွားကြိုရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေကြရာ ပိုးစာကုန်းကျေးရွာ တောင်ဘက် ရေမရှိသည့် ချောင်းထဲတွင် မှောက်လျက်သေဆုံးနေသဖြင့် ဖောင်းပြင်မြို့နယ်ရဲစခန်း၏ (ပ)၆၅/၁၈ ဖြင့် တိုင်တန်းခဲ့ပြီး စုံစမ်းဖော်ထုတ်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ ကျူးလွန်ခဲ့သူဟု ယူဆရသူ စိုးထက်နိုင်အား ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၀၂ ဖြင့် မော်လိုက်ခရိုင် တရားရုံးသို့ အမှုဖွင့်ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ်-၂၆/၂၀၁၈ ဖြင့် တရားစွဲတင်ပို့၍ နှစ်ဖက်ကြားနာစစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ကျူးလွန်ခဲ့သူ စိုးထက်နိုင်အား ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)အရ သေဒဏ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မော်လိုက်ခရိုင်တရားရုံး၊ သတင်းနှင့် ပြန်ကြားရေး အရာရှိထံမှ သိရသည်။
မော်လိုက်သားလေး

No comments:

Post a Comment

My Blog List